• ဆက်သွယ်ရန်•  မြန်မာဘာသာဌာနအကြောင်း
   

မြောက်တောင် ကိုးရီးယားအဆင့်မြင့် ဆွေးနွေးပွဲကို ရပ်ဆိုင်းမည်ဟု မြောက်ကိုးရီးယား ဆို

(GMT+08:00) 2018-05-16 11:11:37

မကြာခင်က တောင်ကိုးရီးယားနှင့် အမေရိကန်တို့သည် မြောက်ကိုးရီးယားကို ရည်စူးသော အတိုင်းအတာကြီးမားသည့် ပူးတွဲ စစ်ရေး လေ့ကျင့်ပွဲစသော ရန်စမှု နှင့် ထိပ်တိုက် ရင်ဆိုင်မှုများကို သတိပြုမိသောကြောင့် မြောက်ကိုးရီးယားသည် မူလအတိုင်း မေလ ၁၆ရက်နေ့တွင် ကျင်းပမည့် မြောက်တောင် အဆင့်မြင့် ဆွေးနွေးပွဲကို ရပ်ဆိုင်းလိုက်ရကြောင်း၊ တောင်ကိုးရီးယားနှင့်အတူ လက်ရှိအခြေအနေကို ဖြစ်စေကြသော အမေရိကန်အနေနှင့် ကျင်းပတော့မည့် မြောက်ကိုးရီးယား၊အမေရိကန် ထိပ်သီးခေါင်းဆောင်များ တွေ့ဆုံပွဲ၏ ကံကြမ္မာကိုလည်း ဆင်ခြင်သုံးသပ်သင့်ကြောင်း ၁၆ရက်နေ့ နံနက်လင်းအားကြီးအချိန်က မြောက်ကိုးရီးယား ဗဟို သတင်းဌာနမှ သတင်းထုတ်ပြန်ချက်ကို ကိုးကား၍ ဆင်ဟွာ သတင်းအရ သိရပါသည်။

မေလ ၁၁ရက်နေ့က တောင်ကိုးရီးယားတွင် တောင်ကိုးရီးယား နှင့် အမေရိကန်တို့သည် မြောက်ကိုးရီးယားကိုရည်စူးသော အတိုင်းအတာကြီးမားသည့် ပူးတွဲ စစ်ရေး လေ့ကျင့်ပွဲကို စတင်ကျင်းပခြင်းသည် ပန်မွန်ဂျွန်ကြေညာချက်အပေါ် တမင်သက်သက် စိန်ခေါ်မှု ဖြစ်ကြောင်း၊ အကောင်းဖက်သို့ ဖွံ့ဖြိုးတိုးတက်နေသော ကိုးရီးယားကျွန်းဆွယ် အခြေအနေကို ကျောခိုင်းကာ တမင်သက်သက် စစ်ရေးရန်ပြုထားမှုဖြစ်ကြောင်း သတင်းရရှိပါသည်။

   Webradio