• ဆက်သွယ်ရန်•  မြန်မာဘာသာဌာနအကြောင်း
   

Yulin မြို့ရဲ့သမိုင်းဝင်အဆောက်အဦးများနှင့် စက်ရုံများသို့သွားရောက်လည်ပတ်

(GMT+08:00) 2018-05-15 13:18:38

မေ ၁၄ ၂၀၁၈ Yulin, Shaanxi

နိုင်ငံတကာမှ ဖိတ်ခေါ်ထားသော ဧည့်သည်တော်များသည် ယနေ့ မေလ ၁၄ ရက်နေ့မှာတော့ Shaanxi ပြည်နယ် Yulin မြို့မှာရှိတဲ့ သမိုင်းဝင်အဆောက်အဦးများနှင့် စက်ရုံများသို့သွားရောက်လည်ပတ်ခဲ့ကြပါတယ်။
ပထမဆုံးအနေနဲ့ Yulin မြို့ရဲ့ သမိုင်းကြောင်းအဆက်ဆက်နဲ့ ဒေသရဲ့ အဓိကထွက်ကုန်များ အကြောင်းကို Yulin Exhibition Hall မှာ လေ့လာခဲ့ကြပါတယ်။ ဒါ့အပြင်ဒေသရဲ့ ရှေးခေတ်က အသုံးအဆောင်ပစ္စည်းများကိုလည်း တစ်စုတစ်စည်းတည်း တင်ပြထားပြီး အထင်ကရ လည်ပတ်စရာနေရာများရဲ့ အကြောင်းအကျဉ်းချုပ်များကိုလည်း တွေ့မြင်ခဲ့ရပါတယ်။
အဲ့နောက်မှာတော့ Beijing မှာတည်ရှိတဲ့ The Great Wall ရဲ့ အစိတ်အပိုင်းတစ်ခုဖြစ်တဲ့ Yulin မြို့က Zenbeitai Great Wall သို့သွားရောက်လည်ပတ်ခဲ့ကြပါတယ်။ ခမ်းနားတဲ့ရှေးခေတ်ခံတပ်တည်ဆောက်ပုံကို အနီးကပ်လေ့လာခဲ့ရပြီး ရှေးခေတ်ဘုရင်များလက်ထက်က ကုန်သွယ်မှုပြုလုပ်ပုံများကိုလည်း လေ့လာခဲ့ကြပါတယ်။
Yulin Forestry Exhibition Hall ကိုလည်းသွားရောက်ပြီး အံ့သြဖွယ်ရာကောင်းတဲ့ Yulinမြို့ရဲ့ စိုက်ပျိုးရေးနည်းလမ်းများကို သိရှိခဲ့ရပြီး ဒေသထွက် စားသောက်ကုန် အသီးအနှံများနှင့် နေထိုင်ကျက်စားလျက်ရှိသော တိရစ္ဆာန်အမျိုးအစားများကိုပါ တစ်စုတစ်စည်းတည်း လေ့လာခဲ့ရပါတယ်။
ဒါ့အပြင် Shannxi Future Energy and Chemicals Co,. Ltd သို့သွားရောက်ပြီး ကျောက်မီးသွေးမှ စွမ်းအင်ထုတ်လုပ်နေသော စက်ရုံအတွင်း လှည့်လည်ကြည့်ရှုခဲ့ကြပါတယ်။
Shannxi Sheep Leader Costume Enterprise co,. Ltd သို့သွားရောက်ပြီး သိုးမွေးမှ တစ်ဆင့် လူသုံးအဝတ်အထည်တွေဖြစ်လာအောင် ချုပ်လုပ်ပုံ အဆင့်ဆင့်ကိုလည်း စက်ရုံမှာသွားရောက်လေ့လာခဲ့ပါတယ်။

   Webradio