• ဆက်သွယ်ရန်•  မြန်မာဘာသာဌာနအကြောင်း
   

မူဆယ်၌ လက်နက်ကိုင် တိုက်ခိုက်မှုကြောင့် လူ ၁၉ ဦး ထက်မနည်း သေဆုံး7

(GMT+08:00) 2018-05-14 15:19:13

       ယခုလ ၁၂ ရက်နေ့ မိုးလင်းချိန်က မြန်မာနိုင်ငံ ရှမ်းပြည်နယ် မူဆယ်မြို့နယ်၌ လက်နက်ကိုင် တိုက်ခိုက်မှု ခံခဲ့ရခြင်းကြောင့် လူ ၁၉ ဦး သေဆုံးပြီး ၂၇ ဦး ဒဏ်ရာရရှိခဲ့ကြောင်း ၁၂ ရက်နေ့က မြန်မာ တပ်မတော်ကာကွယ်ရေး ဦးစီးချုပ်ရုံး က အတည်ပြုပြောကြားခဲ့ကြောင်း ဆင်ဟွာသတင်းအရ သိရပါသည်။

        ဒေသစံတော်ချိန် ၁၂ ရက်နေ့ နံနက် ၅ နာရီခန့်တွင် လက်နက်ကိုင် ၁၀၀ ခန့်တို့သည် မူဆယ်မြို့နယ်မှ နေရာအချို့တွင် ပစ်ခတ်တိုက်ခိုက်ခဲ့ကြောင်း၊ ယင်းလက်နက်ကိုင်များသည် တိုင်းရင်းသား လက်နက်ကိုင်အဖွဲ့ KIAနှင့်TNLAမှ အဖွဲ့သားများဖြစ်ကြောင်း တပ်မတော်ကာကွယ်ရေး ဦးစီးချုပ်ရုံးက ကြေညာသည်။

   Webradio