• ဆက်သွယ်ရန်•  မြန်မာဘာသာဌာနအကြောင်း
   

အင်ဒိုအသေခံဗုံးဖောက်ခွဲမှု ကုလအတွင်းရေးမှူးချုပ် ပြစ်တင်ရှုတ်ချ

(GMT+08:00) 2018-05-14 10:49:07

      ကုလသမဂ္ဂအတွင်းရေးမှူးချုပ် Guterres သည်၊ ယခုလ ၁၃ ရက်နေ့က ၄င်း၏ ပြောရေးဆိုခွင့်ရှိသူမှတစ်ဆင့် ကြေညာချက်ထုတ်ပြန်ခဲ့ရာ၊ ထိုနေ့က အင်ဒိုနီးရှားနိုင်ငံ၌ ဖြစ်ပွားခဲ့သည့် အသေခံဗုံးဖောက်ခွဲမှုအပေါ် ပြစ်တင်ရှုတ်ချခဲ့ကြောင်း ဆင်ဟွာသတင်းဌာန က ရေးသားဖော်ပြသည်။

ထိုကြေညာချက်တွင် Guterres က ကလေးသူငယ်ကို အသုံးပြု၍ ဗုံးခွဲတိုက်ခိုက်မှု တွင် ပါဝင်စေခြင်းအပေါ် တုန်လှုပ်ချောက်ချားမိကြောင်းဖော်ပြသည့်အပြင်၊ သေဆုံးသူများ ၏ ကျန်ရစ်သည့် မိသားစုများအပေါ် နှစ်သိမ့်အားပေးကြောင်း၊ ဒဏ်ရာရရှိသူများ စောလျင်စွာ ပြန်လည်ကျန်းမာလာရန် ဆုတောင်းလိုက်ကြောင်း ဖော်ပြခဲ့သည်။

အင်ဒိုနီးရှား အရှေ့ဂျာဗာပြည်နယ် ဆူရာဘာယာမြို့ရှိ ခရစ်ယာန်ဘုရားကျောင်း ၃ ကျောင်း၌ မေလ  ၁၃ ရက်နေ့ နံနက်ပိုင်းက အသေခံ ဗုံးဖောက်ခွဲမှုများ ရှေ့ဆင့်နောက်ဆက်ဖြစ်ပွားခဲ့ရာ၊ လူ ၁၁ ဦးသေဆုံးပြီး၊ လူ ၄၁ ဦး ထက်မနည်း ဒဏ်ရာရရှိခဲ့သည်ဟု သတင်းအရသိရသည်။

   Webradio