• ဆက်သွယ်ရန်•  မြန်မာဘာသာဌာနအကြောင်း
   

တရုတ်နှင့် အမေရိကန် အကြား "ဖန်သားနံရံ" ထားရှိရန် လူအချို့၏ကြံဆချက်ကို သတိထားသင့်ဟု ဆွေးထျန်းခိုင် ဆို

(GMT+08:00) 2018-05-14 09:21:04

အမေရိကန် နိုင်ငံ ဆိုင်ရာ တရုတ် သံအမတ်ကြီး ဆွေးထျန်းခိုင်က၊ အမေရိကန်မှ လူအချို့သည် တရုတ်နှင့် အမေရိကန်အကြား "ဖန်သားနံရံ" ထားရှိပြီး တရုတ်နှင့် အမေရိကန် အကြား ပုံမှန် ကူးဖူးဖလှယ်မှုနှင့် ပူးပေါင်းဆောင်ရွက်မှု အပေါ် အဟန့်အတား ထားရှိရန် ကြံဆ နေကြောင်း၊ ယင်းကို မိမိတို့ သတိထားသင့်ကြောင်း ယခုလ ၁၁ ရက်နေ့က ဝါရှင်တန်မြို့၌ ပြောကြားခဲ့သည်ဟု ဆင်ဟွာ သတင်းအရ သိရပါသည်။

အမေရိကန် တတ်သိပညာရှင်များအဖွဲ့ မဟာဗျူဟာနှင့် နိုင်ငံတကာ ရေးရာ သုတေသန စင်တာမှ ပြုလုပ်သော "တရုတ်နှင့် အမေရိကန် နှစ် ၄၀ တာ ဆက်ဆံမှု" နှီးနှောဖလှယ်ပွဲတွင် ၄င်းက ထိုသို့ ပြောကြားခဲ့ခြင်း ဖြစ်ပါသည်။

   Webradio