• ဆက်သွယ်ရန်•  မြန်မာဘာသာဌာနအကြောင်း
   

အီရန် နျူကလီးယားစာချုပ်မှ ကန် နှုတ်ထွက်ပါက နျူကလီးယား မပြန့်ပွားစေရေး စနစ် အပေါ် ဆိုးကျိုးဖြစ်စေမည်ဟု ရုရှား နိုင်ငံခြားရေးဝန်ကြီး ဆို

(GMT+08:00) 2018-05-04 10:43:45

အမေရိကန်နိုင်ငံသည် အီရန် နျူကလီးယားစာချုပ်မှ နုတ်ထွက်ပါက တကမ္ဘာလုံး နျူကလီးယားမပြန့်ပွားစေရေး စနစ်အပေါ် ဆိုးကျိုးဖြစ်စေမည်ဖြစ်ကြောင်း မေလ ၃ရက်နေ့က ရုရှား နိုင်ငံခြားရေးဝန်ကြီး လာဖ်ရော့က ပြောကြားခဲ့သည်ဟု ဆင်ဟွာသတင်း အရ သိရပါသည်။

အမေရိကန်သမ္မတ ဒေါ်နယ် ထရန့် ကြိမ်ပေါင်းများစွာ ပြောဆိုသကဲ့သို့ အမေရိကန် နိုင်ငံသည် အီရန် နျူကလီးယားစာချုပ်မှ နှုတ်ထွက်ပါက နိုင်ငံတကာ မိသားစုကြီးသည် နျူကလီးယားမပြန့်ပွားစေရေးစနစ်ကို ထိန်းသိမ်းနိုင်ရန် အကျိုးရှိသော အဆိုပါ အရေးကြီး စာချုပ်ကို ဆုံးရှုံးမည်ဖြစ်ကြောင်း၊ အီရန် နျူကလီးယား စာချုပ်ကို ကုလသမဂ္ဂ လုံခြုံရေး ကောင်စီက စိစစ်အတည်ပြုခဲ့ပြီး သက်ဆိုင်ရာ ဘက်အသီးသီးတို့အနေနှင့် တင်းကျပ်စွာ လိုက်နာဆောင်ရွက်သင့်ကြောင်း လာဖ်ရော့က ပြောကြားခဲ့ပါသည်။

   Webradio