• ဆက်သွယ်ရန်•  မြန်မာဘာသာဌာနအကြောင်း
   

တရုတ် ချမ်အို အမှတ်-၄ ထပ်ဆင့်ဆက်သွယ်ရေး ဂြိုဟ်တုကို လွှတ်တင်မည်

(GMT+08:00) 2018-04-25 09:27:53

ဧပြီလ ၂၄ ရက်နေ့သည် တတိယ ကြိမ်မြောက် တရုတ် အာကာသနေ့ ဖြစ်ကြောင်း၊ ယခုနှစ် အာကာသနေ့၏ ဆောင်ပုဒ်သည် အာကာသ ခေတ်သစ်ကို လက်တွဲ ထူထောင်ခြင်း ဖြစ်ပြီး ပင်မ အခမ်းအနားများကို ဟာရပင်မြို့၌ ကျင်းပနေကြောင်း သတင်းရရှိပါသည်။

ဖွင့်ပွဲအခမ်းအနားတွင်၊ တရုတ် နိုင်ငံတော်ကာကွယ်ရေး သိပံ္ပနည်းပညာ စက်မှုလုပ်ငန်း ဦးစီးဌာန ဒုညွှန်ကြားရေးမှူးချုပ်၊ နိုင်ငံတော် အာကာသလုပ်ငန်း ဦးစီးဌာန ဒုညွှန်ကြားရေးမှူးချုပ် ဝူယဲန့်ဟွာက၊ ချမ်အို အမှတ်-၄ ထပ်ဆင့် ဆက်သွယ်ရေး ဂြိုဟ်တု "ချွေ့ချောင်"ကို ယခုနှစ် မေလတွင် လွှတ်တင်မည် ဖြစ်ကြောင်း၊ ယင်းသည် ယခုနှစ် အတွင်း ဆက်လက် လွှတ်တင်မည့် ချမ်အို အမှတ်-၄ စူးစမ်းယာဉ်အတွက် ကမ္ဘာလုံးနှင့် လကမ္ဘာ ကြား၌ တပ်ဆင့်ဆက်သွယ်မှုဆိုင်ရာ ထောက်ပံ့မှု ပေးမည် ဖြစ်ကြောင်း ရှင်းလင်း ပြောကြားခဲ့ပါသည်။

ဖွင့်ပွှဲအခမ်းအနားတွင် ချမ်အို အမှတ်-၄ ထပ်ဆင့် ဆက်သွယ်ရေးဂြိုဟ်တုနှင့် သည်ဆောင်သွားမည့် ဟာရပင် စက်မှုတက္ကသိုလ်မှ သုတေသနပြု ထုတ်လုပ်သော အသေးစား ဂြိုဟ်တု နှစ်လုံး၏ အမည်ကို သတ်မှတ်ပြီ ဖြစ်ပြီး ယင်းတို့သည် "ချွေ့ချောင်"၊ "လုံကျန်း အမှတ်-၁"နှင့် "လုံကျန်း အမှတ်-၂" ဖြစ်ကြောင်း သိရပါသည်။

   Webradio