• ဆက်သွယ်ရန်•  မြန်မာဘာသာဌာနအကြောင်း
   

ကိုးရီးယားကျွန်းဆွယ်သည် ငြိမ်းချမ်းရေးသဘောတူစာချုပ်ကို ချုပ်ဆိုသင့်ဟု မူဂျယ်အင်ဆို

(GMT+08:00) 2018-04-20 12:16:09

        ယခုလ ၁၉ ရက်နေ့က တောင်ကိုးရီးယားသမ္မတ မူဂျယ်အင်က သမ္မတရုံး၌ မီဒီယာကိုယ်စားလှယ်များနှင့် နေ့လယ်စာအတူစားခဲ့ကြရာ ကိုးရီးယား ကျွန်းဆွယ်သည် အပစ်အခတ်ရပ်စဲရေးစနစ် အဆုံးသတ်ပြီး စစ်ပွဲပြီးဆုံးခြင်း ကြေညာစာတမ်းကို ထုတ်ပြန်ကာ ငြိမ်းချမ်းရေးသဘောတူစာချုပ်ကို ချုပ်ဆိုရန် ကြိုးပမ်းဆောင်ရွက်ရမည်ဖြစ်ကြောင်း ပြောကြားခဲ့သည်ဟု ဆင်ဟွာသတင်းအရ သိရပါသည်။

        မူဂျယ်အင်က တောင်-မြောက် ကိုးရီးယားခေါင်းဆောင်များ တွေ့ဆုံပွဲဖြင့် လမ်းကြောင်းသစ် ခရီးမှတ်တိုင် ထူထောင်ပြီး ကိုးရီးယားကျွန်းဆွယ် နျူကလီးယားမဲ့ရေးကို အကောင်အထည်ဖော်ဆောင်ကာ ကိုးရီးယားကျွန်းဆွယ် ထာဝစဉ်ငြိမ်းချမ်းရေးစနစ်ကို ထူထောင်သည့်အပြင် ဆက်တိုက်တိုးတက်သော တောင်-မြောက်ကိုးရီးယားဆက်ဆံမှုကို တည်ဆောက်ရမည်ဖြစ်ကြောင်း ပြောကြားသည်။

   Webradio