• ဆက်သွယ်ရန်•  မြန်မာဘာသာဌာနအကြောင်း
   

၂၀၁၈ ခုနှစ် နီပေါခရီးသွားမိတ်ဆက်ပွဲကို ပီကင်း၌ကျင်းပ

(GMT+08:00) 2018-04-20 11:05:04

ယခုလ ၁၉ ရက်နေ့က တရုတ်နိုင်ငံဆိုင်ရာနီပေါသံရုံး၊ နီပေါခရီးသွားလာရေးဦးစီးဌာန နှင့် နီပေါခရီးသွားအေဂျင်စီများအသင်းတို့သည် ၂၀၁၈ ခုနှစ် နီပေါခရီးသွားမိတ်ဆက်ပွဲကို ပီကင်းတွင် ပူးတွဲကျင်းပခဲ့ကြောင်း စီအာအိုင်သတင်းအရ သိရပါသည်။

တရုတ်နိုင်ငံတွင်ခရီးလှည့်လည်နေသော နီပေါနိုင်ငံခြားရေးဝန်ကြီးဂျာဝါလီက ယင်းမိတ်ဆက်ပွဲသို့တက်ရောက်ခဲ့ရာ စာရင်းအရ ယခုအချိန်တွင် တရုတ်နိုင်ငံမှ နီပေါသို့သွားသောခရီးသည်ဦးရေမှန်မှန် တိုးတက်နေသော်လည်း တရုတ်နိုင်ငံမှ ကမ္ဘာလှည့်ခရီးသည်ဦးရေးနှင့်မလိုက်ဖက်သေးကြောင်း၊ နီပေါနိုင်ငံ၏ခရီးသွားလုပ်ငန်း သည် ကြီးမားသောကိန်းဝပ်စွမ်းအားရှိပြီး ပိုမိုများပျားသောတရုတ်ခရီးသည်များ နီပေါသို့ သွားကြရန်မျှော်လင့်ကြောင်း ပြောကြားခဲ့သည်။

   Webradio