• ဆက်သွယ်ရန်•  မြန်မာဘာသာဌာနအကြောင်း
   

ရှီကျင့်ဖိန်သည် ကျူးဘားကွန်မြူနစ်ပါတီဗဟိုကော်မတီပထမအတွင်းရေးမှူး ရို ကာစထရိုနှင့် ကျူးဘားနိုင်ငံတော်ကောင်စီဥက္ကဋ္ဌနှင့် ဝန်ကြီးများညီလာခံဥက္ကဋ္ဌဒီယာဇ် ကာနယ်လ်ထံသို့ ဝမ်းမြောက်ကြောင်းသဝဏ်လွှာ အသီးသီးပေးပို့

(GMT+08:00) 2018-04-20 10:53:45

      ယမန်နေ့ ၁၉ ရက်နေ့က တရုတ်ကွန်မြူနစ်ပါတီဗဟိုကော်မတီ အထွေအထွေအတွင်းရေးမှူး၊ နိုင်ငံတော်ဥက္ကဋ္ဌရှီကျင့်ဖိန်သည် ကျူးဘားကွန်မြူနစ်ပါတီ ဗဟိုကော်မတီ ပထမအတွင်းရေးမှူး ရို ကာစထရိုနှင့် ကျူးဘားနိုင်ငံတော်ကောင်စီ ဥက္ကဋ္ဌသစ်နှင့် ဝန်ကြီးများညီလာခံဥက္ကဋ္ဌ ဒီယာဇ် ကာနယ်လ် ထံသို့ ဝမ်းမြောက်ကြောင်းသဝဏ်လွှာအသီးသီးပေးပို့ပြီး ကျူးဘား ၉ ကြိမ်မြောက် ပြည်လုံးဆိုင်ရာ ပြည်သူ့ နိုင်ငံရေးအာဏာကွန်ဂရက်မှ နိုင်ငံတော်ခေါင်းဆောင်သစ် ရွေးချယ်တင်မြောက်ခြင်းအပေါ် ထောပနာပြုခဲ့ကြောင်း ဆင်ဟွာသတင်းအရသိရသည်။

     ထိုနေ့တွင်ပင် တရုတ်နိုင်ငံတော်ကောင်စီဝန်ကြီးချုပ် လီခေ့ချန်သည် ဥက္ကဋ္ဌ ဒီယာဇ် ကာနယ်လ်ထံသို့လည်း ဂုဏ်ပြုသဝဏ်လွှာပေးပို့ခဲ့သည်ဟုသိရသည်။

   Webradio