• ဆက်သွယ်ရန်•  မြန်မာဘာသာဌာနအကြောင်း
   

အမေရိကန် ကုန်သွယ်ရေး ဝန်ကြီးဌာန၏ အရေးယူ ပိတ်ဆို့မှုကို လက်ခံ နိုင်မည် မဟုတ်ဟု
ZTE ကုမ္ပဏီ ဆို

(GMT+08:00) 2018-04-20 10:43:41

တရုတ် ZTE ကုမ္ပဏီသည် ယခုလ ၂၀ ရက်နေ့က ကြေညာချက် ထုတ်ပြန်ပြီး၊ အမေရိကန် ကုန်သွယ်ရေး ဝန်ကြီးဌာန၏ ZTE ကုမ္ပဏီ အပေါ် အရေးယူပိတ်ဆို့မှု ပြုလုပ်ရန် ဆုံးဖြတ်ချက်သည် တရားမျှတမှု လွန်စွာ မရှိသဖြင့် လက်ခံ နိုင်မည် မဟုတ်ကြောင်း ဖေါ်ပြပါသည်။

အမေရိကန် ကုန်သွယ်ရေး ဝန်ကြီးဌာနမှ ၁၆ ရက်နေ့က ထုတ်ပြန်သော ကြေညာချက်တွင် ZTE ကုမ္ပဏီအား ၇ နှစ်ကြာ တင်ပို့ရောင်းချမှု ပိတ်ပင်မည်ဟု ဖေါ်ပြထားပါသည်။

ZTE ကုမ္ပဏီက၊ ဆွေးနွေးသောနည်းလမ်းဖြင့် ပြဿနာ ဖြေရှင်းရန် ကြိုးပမ်းမှု စွန့်လွှတ်မည် မဟုတ်ကြောင်း၊ သို့သော် ရှိသမျှ ဥပဒေနည်းလမ်းဖြင့် မိမိတို့၏ တရားဝင် အခွင့်အရေးကို ထိန်းသိမ်းကာကွယ်ရန် သန္နိဌာန်လည်း ရှိပါကြောင်း ဖေါ်ပြထားပါသည်။

   Webradio