• ဆက်သွယ်ရန်•  မြန်မာဘာသာဌာနအကြောင်း
   

Belt & Road ပူးပေါင်းဆောင်ရွက်ရန်ရှေ့ရေးအလားအလာကို တရုတ်နှင့်အမေရိကန် ပညာရှင်များ ဆွေးနွေး

(GMT+08:00) 2018-04-19 16:17:10

ယခုနှစ်မှာ တရုတ်ပြည်ပြုပြင်ပြောင်းလဲ့ရေးနှင့်တံခါးဖွင့်ရေးမူဝါဒကျင့်သုံးခဲ့သည့် နှစ်၄၀ပြည့်ဖြစ်ပြီး Belt & Roadကမ်းလှမ်းချက်ကို တင်ပြခဲ့သည့် ၅နှစ်ပြည့်လည်းဖြစ်ကြောင်း၊ ယခုလ၁၈ရက်နေ့တွင် အမေရိကန်ဝါရှင်တန်ဘရူစ်ကင် ပညာအသင်းသည် ၂၀၁၈ခုနှစ် IFFတရုတ်အစီရင်ခံစာထုတ်ပြန်ပွဲကို ကျင်းပပြီး တရုတ်နှင့်အမေရိကန်နိုင်ငံများမှ ပညာရှင်များနှင့် နိုင်ငံတကာအဖွဲ့အစည်းများမှ တာဝန်ရှိသူများသည် Belt & Roadကမ်းလှမ်းချက်ကို အကောင်အထည်ဖော်ဆောင်ရာ၌ အခြေခံအဆောက်အအုံတည်ဆောက်ရေးနှင့် အန္တရာယ်ကြိုတင်ကာကွယ်ရေး နည်းလမ်းများကို ဆွေးနွေးခဲ့ကြကြောင်း စီအာအိုင် သတင်းအရသိရပါသည်။

ယခုအကြိမ်ဆွေးနွေးပွဲ၌ IMFအဖွဲ့အာရှ-ပစိဖိတ်ဒေသဌါနဥက္ကဋ္ဌ လီချမ်းရုန်းက တရုတ်ပြည်၏ Belt & Roadကမ်းလှမ်းချက်သည် Belt & Road တစ်လျှောက်မှ နိုင်ငံများအတွက် ကုန်သွယ်မှု၊ ရင်းနှီးမြှုပ်နှံမှုနှင့် ငွေကြေးနယ်ပယ်များ၌ တစ်ဆင့်တိုး ပူးပေါင်းဆောင်ရွက်ရန် အကျိုးပြုကာ အခြေခံအဆောက်အအုံတည်ဆောက်ရေးကို တွန်းအားခြင်းဖြင့် စီးပွားရေးဖွံ့ဖြိုးတိုးတက်ရန် အားသစ်လောင်းပေးနိုင်ကြောင်း ပြောကြားခဲ့သည်ဟု ဆင်ဟွာသတင်းအရသိရပါသည်။

   Webradio