• ဆက်သွယ်ရန်•  မြန်မာဘာသာဌာနအကြောင်း
   

တရုတ်၊ ဂျပန်နှင့် တောင်ကိုးရီးယား၃ နိုင်ငံပူးပေါင်းဆောင်ရွက်ရေးဖိုရမ် ကျင်းပ

(GMT+08:00) 2018-04-19 11:13:16

      တရုတ်၊ ဂျပန်နှင့်တောင်ကိုးရီးယား၃ နိုင်ငံ ပူးပေါင်းဆောင်ရွက်ရေး နိုင်ငံတကာဖိုရမ် ကို ယခုလ ၁၈ ရက်နေ့က တိုကျိုမြို့တွင် ကျင်းပခဲ့သည်ဟု ဆင်ဟွာသတင်းအရသိရသည်။

ဖိုရမ်ဖွင့်ပွဲအခမ်းအနားတွင် မိန်ခွန်းပြောကြားခဲ့ရာ၌၊ ၃ နိုင်ငံ ပူးပေါင်းဆောင်ရွက်မှု အတွင်းရေးမှူးရုံးမှ အတွင်းရေးမှူးချုပ် လီဂျွန်ဟိန်က၊ ပူးပေါင်းဆောင်ရွက်မှု အားဖြည့် ပြုလုပ်ရေးသည်၊ ၃ နိုင်ငံ တို့၏ ကာလရှည်ကြာသော လိုအင်ဆန္ဒဖြစ်ကြောင်း၊ ၃ နိုင်ငံတို့ အနေနှင့် အဆက်မပြတ် ကြိုးပမ်းအားထုတ်ပြီး၊ ကူးလူးဖလှယ်မှုဖြင့် အပြန်အလှန် နားလည်မှု နက်ရှိုင်းစေကာ၊ ၃ နိုင်ငံဆက်ဆံမှုတဆင့်တက် ဖွံ့ဖြိုးရန်အတွက် တက်တက် ကြွကြွတွန်းအားပေးသင့် ကြောင်း ဖော်ပြခဲ့သည်။

၃ နိုင်ငံ ပူးပေါင်းဆောင်ရွက်ရေး နိုင်ငံတကာဖိုရမ်ကို ၃ နိုင်ငံ ပူးပေါင်းဆောင်ရွက်မှု အတွင်းရေးမှူးရုံး မှ ဦးစီးကျင်းပသည်ဟု သတင်းအရသိရသည်။

 

   Webradio