• ဆက်သွယ်ရန်•  မြန်မာဘာသာဌာနအကြောင်း
   

ပူတင်သည်၊ Hassan Rowhani နှင့် ဖုန်းဆက်

(GMT+08:00) 2018-04-16 10:07:11

      ရုရှားနိုင်ငံသမ္မတ ပူတင်သည်၊ ယခုလ ၁၅ ရက်နေ့က အိရန်နိုင်ငံ သမ္မတ Hassan Rowhani နှင့် တယ်လီဖုန်းဖြင့် ဆက်သွယ်ခဲ့သည်။ ထိုသို့တယ်လီဖုန်းဖြင့် ဆက်သွယ်ခဲ့ရာ၌ နှစ်ဦးနှစ်ဖက်တို့က အမေရိကန်နှင့် ၄င်း၏ မဟာမိတ်နိုင်ငံများအနေနှင့်၊ ဆီးရီးယားအပေါ် စစ်ရေးတိုက်ခိုက်မှုသည်၊ အပြည်ပြည်ဆိုင်ရာ တရားဥပဒေကို ဖောက်ဖျက်ခဲ့ပြီး၊ နိုင်ငံရေးနည်းလမ်းဖြင့် ဆီးရီးယား ပြဿနာဖြေရှင်းရေးအလားအလာကို ဆိုးရွားစွာ ထိခိုက်ပြီဖြစ်ကြောင်း ပြောကြားခဲ့သည်ဟု ဆင်ဟွာသတင်းအရ သိရသည်။

ထို့အပြင်နှစ်ဦးနှစ်ဖက်တို့သည်၊ ယီမင်အပါအဝင်အရှေ့အလယ်ပိုင်းဒေသ အခြေအနေ နှင့် ရုရှား-အီရန်ပူးပေါင်းဆောင်ရွက်မှုနှင့် ကုန်သွယ်မှုအားဖြည့်ပြုလုပ်ရေးဆိုင်ရာ အကြောင်း အရာများနှင့် ပတ်သက်၍ ဆွေးနွေးခဲ့ကြသည်ဟု သတင်းအရသိရသည်။

   Webradio