• ဆက်သွယ်ရန်•  မြန်မာဘာသာဌာနအကြောင်း
   

အဌမ အကြိမ်မြောက် ပီကင်း နိုင်ငံတကာ ရုပ်ရှင်ပွဲတော် ဖွင့်လှစ်

(GMT+08:00) 2018-04-16 09:18:32

အဌမ အကြိမ်မြောက် ပီကင်း နိုင်ငံတကာ ရုပ်ရှင်ပွဲတော် ဖွင့်ပွဲအခမ်းအနားကို ယခုလ ၁၅ ရက်နေ့ညက ပီကင်း၌ ကျင်းပခဲ့ပါသည်။

ယခုနှစ်များတွင် တရုတ်ပြည် ရုပ်ရှင် လုပ်ငန်းသည် ဖွံ့ဖြိုး တိုးတက်ရေး ရွှေကာလသို့ ဝင်ရောက်ပြီ ဖြစ်ကြောင်း၊ ၂၀၁၇ ခုနှစ်တွင် ရုပ်ရှင်ကား ဝံပုလွေစစ်သည်-၂ သည် ဝင်ငွေ ယွမ် ၅့ ၆၈ ဘီလီယံဖြင့် ပြည်တွင်း စံချိန်သစ် တင်နိုင်ခဲ့သည့်အပြင် ရုပ်ရှင်ကြည့် ပရိသတ် ဦးရေလည်း ၁၅၉ သန်း ရှိ၍ ကမ္ဘာ့ စံချိန်သစ် တင်ခဲ့ကြောင်း၊ ယခုနှစ် ပထမ ၃ လပတ်အတွင်း ရုပ်ရှင်ကား ဝင်ငွေမှာ ယွမ် ဘီလီယံ ၂၀ ကျော် ရှိပြီး ကမ္ဘာ့ ရုပ်ရှင် သမိုင်းတွင် ၃ လ ပတ်အတွင်း ဝင်ငွေ စံချိန်သစ်ကို တင်နိုင်ခဲ့ကြောင်း၊ တရုတ် နွေဦးပွဲတော် နှစ်ဆန်း ၁ ရက်နေ့တွင် ရုပ်ရှင်ကား ဝင်ငွေမှာ ယွမ် ၁၂၆၁ သန်း ရှိကာ ကမ္ဘာ့ တစ်ရက်အတွင်း ဝင်ငွေ စံချိန်ကို တင်နိုင်ခဲ့ကြောင်း သတင်းရရှိပါသည်။

ယခုအကြိမ် ရုပ်ရှင်ပွဲတော်ကို ၁၅ ရက်နေ့မှနေ၍ ၂၂ ရက်နေ့အထိ ကျင်းပမည် ဖြစ်ပြီး၊ ချက်နိုင်ငံမှ ရုပ်ရှင်ကား       Barefoot၊ အိန္ဒိယ ရုပ်ရှင်ကား Dark Wind၊ ပြင်သစ် ရုပ်ရှင်ကား Dog အပါအဝင် နိုင်ငံခြား ရုပ်ရှင်ကား ၁၃ ကားနှင့် ပြည်တွင်း ရုပ်ရှင်ကား Hold Your Hands နှင့် Operation Red Sea တို့သည် ထျန်းထန်ဆု အတွက် ယှဉ်ပြိုင်ကြမည် ဖြစ်ကြောင်း သတင်းရရှိပါသည်။

   Webradio