• ဆက်သွယ်ရန်•  မြန်မာဘာသာဌာနအကြောင်း
   

တရုတ်ပြည်၏ တံခါးဖွင့်ရေးနှင့် ပြုပြင်ပြောင်းလဲရေး မူဝါဒသည် ကမ္ဘာကြီးအတွက် သုခချမ်းသာမှု ဖြစ်သည်ဟု နိုင်ငံခြား ခေါင်းဆောင်များ ချီးကျူး

(GMT+08:00) 2018-04-11 09:26:27

ပိုအော်အာရှ ဖိုရမ် ၂၀၁၈ ခုနှစ် နှစ်ပတ်လည် အစည်းအဝေးကို ယခုလ ၁၀ ရက်နေ့က တရုတ်ပြည် ဟိုင်နန်ပြည်နယ် ပိုအော် မြို့၌ ဖွင့်လှစ်ခဲ့ရာ၊ တရုတ်နိုင်ငံတော် ဥက္ကဋ္ဌ ရှီကျင့်ဖိန်သည် တံခါးဖွင့်ရေးဖြင့် စည်ပင်သာယာမှုကို လက်တွဲ တည်ထောင်ခြင်း၊ ဆန်းသစ် တီထွင်ရေးဖြင့် အနာဂတ်ရေးကို ဦးစီးခြင်း ခေါင်းစဉ်ဖြင့် မိန့်ခွန်း ပြောကြားခဲ့ပါသည်။

ကုလသမဂ္ဂ အတွင်းရေးမှူးချုပ် ဂူတာရက်စ်က၊ ယခုနှစ်သည် တရုတ်ပြည် ပြုပြင် ပြောင်းလဲရေးနှင့် တံခါးဖွင့်ရေး လုပ်ငန်း ဆောင်ရွက်ခဲ့သည့် ၄၀ ပြည့်မြောက်နှစ် ဖြစ်ပြီး တရုတ်ပြည်၏ ပြုပြင်ပြောင်းလဲမှုနှင့် တရုတ်နှင့် နိုင်ငံတကာ ဆက်ဆံမှု ပြုပြင်ပြောင်းလဲမှုများကို မိမိတို့ ကိုယ်တိုင် မျက်မြင်တွေ့ရှိပါကြောင်း ပြောကြားပါသည်။

သြစတြီးယား သမ္မတက၊ ဥက္ကဋ္ဌ ရှီကျင့်ဖိန်သည် ပြုပြင်ပြောင်းလဲရေးနှင့် တံခါး ဖွင့်ရေးကို ဆက်လက် တွန်းအားပေးမည်ဟု ပြောကြားခဲ့ကြောင်း၊ ယင်းသည် တရုတ်ပြည် တင်သာ မက ကမ္ဘာကြီးအတွက်လည်း သုခချမ်းသာမှု ဖြစ်ကြောင်း ပြောကြားပါသည်။

   Webradio