• ဆက်သွယ်ရန်•  မြန်မာဘာသာဌာနအကြောင်း
   

တရုတ်ပြည်၏ တံခါးဖွင့်မှု တိုးချဲ့ရန် အရေးကြီးဆောင်ရွက်ချက်များကို ရှီကျင့်ဖိန် ကြေညာ

(GMT+08:00) 2018-04-10 15:29:42

ယခုလ ၁၀ရက်နေ့ နံနက်ပိုင်းက ပိုအော် အာရှ ဖိုရမ် ၂၀၁၈ခုနှစ် နှစ်ပတ်လည် အစည်းအဝေးကို တရုတ်ပြည် ဟိုင်နန်ပြည်နယ် ပိုအော်တွင် ဖွင့်လှစ်လိုက်ကြောင်း စီအာအိုင် သတင်းအရ သိရသည်။

ဖွင့်ပွဲ အခမ်းအနားတွင် မိန့်ခွန်းပြောကြာရာ၌ တရုတ် နိုင်ငံတော် ဥက္ကဋ္ဌ ရှီကျင့်ဖိန်က ဈေးကွက်သို့ ဝင်ရောက်ရန် သတ်မှတ်ထားသော စံနှုန်းများ များစွာ လျှော့ပေါ့ရေး၊ ဆွဲဆောင်မှု ပိုမိုများပြားသော ရင်းနှီးမြှုပ်နှံရေး အခြေအနေကို ဖန်တီးပေးရေး၊ ပညာ မူပိုင်ခွင့် အားဖြည့်ထိန်းသိမ်းကာကွယ်ရေးနှင့် သွင်းကုန် တိုးချဲ့ရေး အပါအဝင် တံခါးဖွင့်မှု တိုးချဲ့ဆောင်ရွက်ရေး ဆိုင်ရာ အရေးကြီး ဆောင်ရွက်ချက် ၄ရပ်ကို ကြေညာခဲ့ကြောင်း၊ ထို့အပြင်၊ ဥက္ကဋ္ဌ ရှီကျင့်ဖိန်က တရုတ်ပြည်သည် တံခါးဖွင့်ရေးတွင် တမူဆန်းသစ်သော အခန်းကဏ္ဍသစ် ဖွင့်လှစ်လိမ့်မည်ဟု ယုံကြည်ကြောင်းလည်း ပြောကြားသည်။

    ယခုနှစ်သည် တရုတ် ပြုပြင်ပြောင်းလဲမှုနှင့် တံခါးဖွင့်မှု မူဝါဒ ကျင့်သုံးခဲ့သည့် နှစ်၄၀ပြည့်မြောက်နှစ် ဖြစ်ကြောင်း၊ ယခုလ ၁၀ရက်နေ့က မိန့်ခွန်းပြောကြားရာတွင် ရှီကျင့်ဖိန်က ပြုပြင်ပြောင်းလဲမှုနှင့် တံခါးဖွင့်မှုသည် တရုတ်ပြည်ကို လေးနက်စွာ ပြောင်းလဲစေခဲ့သလို ကမ္ဘာကိုလည်း လေးနက်စွာ ပြောင်းလဲစေခဲ့ကြောင်း၊ တရုတ်ပြည် အနေနှင့် ပြုပြင် ပြောင်းလဲမှုကို ဦးလည်မသုန် ဘက်စုံဇောက်ချပြုလုပ်ပြီး တံခါးဖွင့်မှုကို တိုးချဲ့ဆောင်ရွက် မည်ဖြစ်ကြောင်း ပြောကြားသည်။

   Webradio