• ဆက်သွယ်ရန်•  မြန်မာဘာသာဌာနအကြောင်း
   

တရုတ်ပြည်၏ နည်းပညာ လွှဲပြောင်းရေးနှင့် ပညာ မူပိုင်ခွင့်ဆိုင်ရာ အမေရိကန်၏ အပြစ်တင်ခြင်းသည် အထောက်အထား လုံးဝ မရှိ

(GMT+08:00) 2018-04-09 09:27:35

တရုတ်ပြည်၏ "၃၀၁ စုံစမ်းစစ်ဆေးမှု" အရ နည်းပညာ လွှဲပြောင်းရေးနှင့် ပညာ မူပိုင်ခွင့်ဆိုင်ရာ အမေရိကန်၏ အပြစ်တင်ခြင်းနှင့် ပတ်သက်ပြီး တရုတ် စီးပွါးရေးနှင့် ဘဏ္ဍာရေး ကျွမ်းကျင်ပညာရှင်များက၊ အမေရိကန်၏ အပြစ်တင် ပြောဆိုခြင်းသည် အထောက်အထား လုံးဝ မရှိကြောင်း၊ တရုတ်နှင့် အမေရိကန် လုပ်ငန်း ကုမ္ပဏီများအကြား နည်းပညာ လွှဲပြောင်းခြင်းသည် ကိုယ့်ဆန္ဒ အလောက် ကူးသန်း ရောင်းဝယ်ခြင်း ဖြစ်ပြီး အမေရိကန် လုပ်ငန်းကုမ္ပဏီများသည် တရုတ် လုပ်ငန်း ကုမ္ပဏီများနှင့် ပူးပေါင်းဆောင်ရွက်ရာ၌ ကြီးမားသော အကျိုးအမြတ်ကို ရရှိခဲ့ကြောင်း ပြောကြားပါသည်။

ကျွမ်းကျင်ပညာရှင်များက၊ အမေရိကန်က တရုတ်ပြည် ကုန်ပစ္စည်းအပေါ် အထင်သေး သဘော ပါသော အခွန် တိုးကောက်ခြင်းသည် ကမ္ဘာ့ကုန်သွယ်ရေးအဖွဲ့ WTO ၏ သက်ဆိုင်ရာ ကတိပြုချက်များကို ဖျက်ဆီးရာ ကျပြီး WTO ၏ အခြေခံမူကို တိုက်ရိုက် ကျောခိုင်း ချိုးဖေါက်ကြောင်း ပြောကြားခဲ့ကြပါသည်။

တရုတ် နိုင်ငံတော် ပညာ မူပိုင်ခွင့်ရေးရာ ဦးစီးဌာနမှ စာရင်းအရ ၂၀၁၇ ခုနှစ်တွင် အမေရိကန်သည် တရုတ် မူပိုင်ခွင့် ၂၃၆၇၉ ရပ် လွှဲပြောင်း အသုံးပြုခွင့် ရရှိခဲ့ကြောင်း၊ ၂၀၁၆ ခုနှစ်တွင်လည်း တရုတ်နိုင်ငံသည် ကမ္ဘာပေါ်တွင် ပထမဆုံးသော မူပိုင်ခွင့် လျှောက်လွှာတင်ချက် ၁ သန်း ကျော်သော နိုင်ငံ ဖြစ်လာခဲ့ကြောင်း သတင်းရရှိပါသည်။ (ဘာသာပြန် မေကြော့ရှင်း)

   Webradio