• ဆက်သွယ်ရန်•  မြန်မာဘာသာဌာနအကြောင်း
   

တရုတ်ပြည်၏ ဆန်းသစ်တီထွင်ရေး အောင်မြင်မှုသည် ထိထိရောက်ရောက် ဆောင်ရွက်ပြီး ရရှိခြင်း ဖြစ်သည်

(GMT+08:00) 2018-04-09 09:24:44

အမေရိကန်၏ "၃၀၁ စုံစမ်းစစ်ဆေးမှု" အစီရင်ခံစာတွင် ပညာ မူပိုင်ခွင့် ဆိုင်ရာ တရုတ်ပြည်အား ရည်စူးသော မဟုတ်မမှန် ပြောဆိုခြင်းနှင့် ပတ်သက်ပြီး တရုတ် နိုင်ငံတော် ပညာ မူပိုင်ခွင့် ရေးရာ ဦးစီးဌာနက၊ တရုတ်ပြည်၏ ဆန်းသစ်တီထွင်ရေး အောင်မြင်မှုများသည် ခိုးလာခြင်း လုယက်လာခြင်း မဟုတ်ဘဲ တရုတ်ပြည်သူများ ထိထိရောက်ရောက် ဆောင်ရွက်ပြီး ရရှိခြင်း ဖြစ်ကြောင်း၊ အမေရိကန်၏ အပြစ်တင်မှုသည် အထောက်အထား မရှိကြောင်း၊ ပညာ နယ်ပယ်တွင် တရုတ်နိုင်ငံသည် မည်သည့် စိန်ခေါ်မှု မဆို ရင်ဆိုင်နိုင်စွမ်း ရှိသည့်အပြင် ယုံကြည်စိတ်လည်း ရှိပါကြောင်း ယခုလ ၈ ရက်နေ့က စီအာအိုင် သတင်းထောက်နှင့် တွေ့ဆုံရာတွင် ပြောကြားခဲ့ပါသည်။

လွန်ခဲ့သည့်နှစ်များတွင် တရုတ်နိုင်ငံ၏ တတ်သိပညာဆိုင်ရာ အထွေထွေ အင်အားသည် လျင်မြန်စွာ မြင့်တက်လာကြောင်း၊ ၂၀၁၆ ခုနှစ်တွင် တရုတ်နိုင်ငံသည် ကမ္ဘာပေါ်တွင် ပထမဆုံးသော မူပိုင်ခွင့် လျှောက်လွှာတင်ချက် ၁ သန်း ကျော်သော နိုင်ငံ ဖြစ်လာခဲ့ကြောင်း သတင်းရရှိပါသည်။ (ဘာသာပြန် မေကြော့ရှင်း)

   Webradio