• ဆက်သွယ်ရန်•  မြန်မာဘာသာဌာနအကြောင်း
   

တရုတ်နိုင်ငံသည် အမေရိကန်မှ မူရင်း ထုတ်လုပ်သော ကုန်ပစ္စည်း ၁၀၆ ရပ်အပေါ် အခွန် ၂၅ ရာခိုင်နှုန်း တိုးကောက်မည်

(GMT+08:00) 2018-04-05 08:37:38

    တရုတ် ဘဏ္ဍာရေး ဝန်ကြီးဌာန၊ ကုန်သွယ်ရေး ဝန်ကြီးဌာနမှ ယခုလ ၄ ရက်နေ့က ထုတ်ပြန်သော ကြေညာချက်အရ၊ အမေရိကန်က နိုင်ငံတကာ ဝတ္တရားများကို ကျောခိုင်းပြီး တရုတ်ပြည်အပေါ် ဖြစ်စေသော အရေးကြီး အခြေအနေကို ရည်စူး၍၊ တရုတ်ပြည်၏ တရားဝင် အခွင့်အရေးနှင့် အကျိုးစီးပွါးကို ထိန်းသိမ်းကာကွယ်ရန်အတွက်၊ တရုတ် အစိုးရသည် တရုတ် နိုင်ငံခြားကုန်သွယ်ရေးဥပဒေ အပါအဝင် စည်းမျဉ်းဥပဒေနှင့် နိုင်ငံတကာ ဥပဒေ အခြေခံမူများအရ၊ မူရင်း အမေရိကန်မှ ထုတ်လုပ်သော ပဲ အပါအဝင် လယ်ထွက်ကုန်များ၊ မော်တော်ကား၊ ဓါတုပစ္စည်း၊ လေယာဉ် အပါအဝင် ကုန်ပစ္စည်း ၁၄ မျိုး ၁၀၆ ရပ်အပေါ် အခွန် တိုးကောက်မည် ဖြစ်ကြောင်း၊ အခွန်နှုန်းမှာ ၂၅ ရာခိုင်နှုန်း ဖြစ်ပြီး ၂၀၁၇ ခုနှစ်က တရုတ်နိုင်ငံက အမေရိကန်မှ တင်သွင်းသော ကုန်ပစ္စည်း အမေရိကန် ဒေါ်လာ ဘီလီယံ ၅၀ ခန့် တန်ဖိုး ရှိကြောင်း သတင်းရရှိပါသည်။

   Webradio