• ဆက်သွယ်ရန်•  မြန်မာဘာသာဌာနအကြောင်း
   

ထရန့်သည် ဒဏ်ခတ်သည့်သဘောပါသည့် အခွန် တိုးကောက်ခြင်း လုပ်ရပ်သည် နောက်ဆုံး၌ အမေရိကန် ကိုယ့်အကျိုးစီးပွါးကိုသာ ထိခိုက်မည်

(GMT+08:00) 2018-04-04 16:05:02

ပီကင်းစံတော်ချိန်  ယခုလ ၄ ရက်နေ့ နံနက် လင်းအားကြီး အချိန်တွင် အမေရိကန် ကုန်သွယ်မှု ကိုယ်စားလှယ်ရုံးသည် ၄င်း၏ အင်တာနက် ဝက်ဘဆိုဒ်တွင် စာရင်းဇယား တစ်ရပ်ကို ထုတ်ပြန်ခဲ့သည်။ အနာဂတ်တွင် တရုတ်နိုင်ငံမှ တင်သွင်းသော ကုန်ပစ္စည်း အရပ်ပေါင်း ၁၃၀၀ ခန့်အပေါ် အခွန် ၂၅ ရာခိုင်နှုန်း တိုးကောက်နိုင်မည် ဖြစ်ပြီး စုစုပေါင်း တန်ဖိုးမှာ အမေရိကန်ဒေါ်လာ ဘီလီယံ ၅၀ ခန့် ရှိမည်ဟု သတင်းရရှိပါသည်။

အမေရိကန် ကုန်သွယ်မှု ကိုယ်စားလှယ်၏ ပြောဆိုချက်အရ၊ အထက်ပါ စာရင်းဇယားကို  အဆင့်မြင့် ကွန်ပျူတာ နည်းပညာဖြင့် တွက်ပြီးနောက် ချမှတ်ခဲ့ခြင်း ဖြစ်၍ တရုတ် ပို့ကုန် လုပ်ငန်းရှင်များအား နာကြည်းမှု များစွာ ပေးနိုင်မည် ဖြစ်ပြီး အမေရိကန် ပြည်တွင်း ကုန်ထုတ်လုပ်မှု လုပ်ငန်းရှင်များ၏ အကျိုးစီးပွါးကို ပိုမို ကောင်းမွန်စွာ ကာကွယ်နိုင်မည်ဟု ဆိုသည်။ သို့သော် စာရင်းဇယားပါ အသေးစိတ် အကြောင်းအရာများကို သေချာ ကြည့်ပါက၊ အမေရိကန်သည် တစ်ပါးနိုင်ငံ၏ အကျိုးစီးပွါးကိုလည်း ထိခိုက် ကိုယ့်နိုင်ငံအတွက်လည်း အကျိုးရှိမည် မဟုတ်သော ကိစ္စ တစ်ရပ် လုပ်နေသည်ကို လူအများက ခံစားမိကြပါသည်။

သံမဏိနှင့် ဒန် ကုန်ပစ္စည်းကို ဥပဒေအနေနှင့် ပြောမည် ဆိုလျှင်၊ တရုတ်နိုင်ငံသည် မူလကပင် သံမဏိနှင့် ဒန် ကုန်ပစ္စည်းကို အမေရိကန်သို့ အမြောက်အများ တင်ပို့ရောင်ချနေသည် မဟုတ်ပေ။ ထရန့်အစိုးရသည် အမေရိကန် ပြည်တွင်း သတ္ထုကြိုလုပ်ငန်းကို ကာကွယ်လိုပါက တရုတ်ပြည် အပေါ်သာ ကန့်သတ်မှု ပြုလုပ်လျှင် ရည်ရွယ်ချက် ထမြောက်နိုင်မည် လုံးဝ မဟုတ်ပေ။ သို့သော် လက်ရှိ အချိန်တွင် ထရန့်သည် နေရာအနှံ့၌ မူလက အရေးယူ ပိတ်ဆို့မှု ခံသင့်သူများအား လွတ်ငြိမ်းခွင့် ပေးနေသည်။ "မဟာမိတ်" ဖြစ်သော နိုင်ငံရေး အကြောင်းရပ်ကို ထည့်သွင်း စဉ်းစားသော လုပ်ရပ် ဆိုသည်မှာ ထင်ရှားသိသာပါသည်။ အမေရိကန်သည် မဟာမိတ်များကို ဆွဲလာပြီး ၄င်းတို့နှင့်အတူ တရုတ်ပြည်အား ရည်စူးသော "ကုန်သွယ်မှု စစ်ပွဲ" ပြုလုပ်ရန် ကြံဆမှုကို တရုတ်ပြည်ဘက်က ရှင်းရှင်းလင်းလင်း သိပါသည်။ သို့သော် အမေရိကန်၏ ယင်းလုပ်ရပ်သည် အမေရိကန်၏ ပြည်တွင်း သတ္တုကြို လုပ်ငန်းကို ကာကွယ်နိုင်မည်မူ မဟုတ်ကြောင်း သေချာပါသည်။

အီလက်ထရွန်ပစ္စည်းများ အပေါ်လည်း အခွန် တိုးကောက်မည် ဆိုပါက၊ အီလက်ထရွန် ပစ္စည်း တော်တော်များများသည် အမေရိကန် ပြည်သူ တော်တော်များများ နေ့စဉ်သုံးပစ္စည်း ဖြစ်ပြီး ဝယ်လိုအား လွန်စွာ ကြီးသည်။ သို့သော် အမေရိကန် ပြည်တွင်း၌ အီလက်ထရွန်ပစ္စည်း ထုတ်လုပ်သော စက်ရုံ ကုမ္ပဏီ နည်းသည့်အပြင် ဈေးနှုန်းလည်း လွန်စွာ ကြီးနေသည်။ ထို့ကြောင့် ကုန်သွယ်မှု အငြင်းပွါးမှု၏ နောက်ဆုံးရလဒ်မှာ ရိုးရိုး အမေရိကန်  ပြည်သူလူထု အထူးသဖြင့် အလယ်အလတ် ဝင်ငွေ ဖြစ်သူနှင့် ဝင်ငွေနည်းသူများ၏ ဝန်ထုတ်ဝန်ပိုး ပိုမို တိုးစေမည်သာ ဖြစ်သည်။

    အမေရိကန်၏ လုပ်ရပ်ကို ရည်စူးပြီး တရုတ်နိုင်ငံသည် ဥပဒေနှင့်အညီ အမေရိကန်၏ ကုန်ပစ္စည်းအပေါ် အင်အားတူ အတိုင်းအတာတူ တုံ့ပြန် ဆောင်ရွက်မည်ဟု ပြောကြားပါသည်။ တရုတ် နိုင်ငံ၏ တုံ့ပြန် ဆောင်ရွက်မှုသည် အမေရိကန်အားလည်း သည်းခံရန်ခက်သော နာကြည်းမှုများ ပေး နိုင်မည်ဟု အကဲခတ်များက ခန့်မှန်းထားပါသည်။

   Webradio