• ဆက်သွယ်ရန်•  မြန်မာဘာသာဌာနအကြောင်း
   

သြစတြီးယားသမ္မတနှင့် ဝန်ကြီးချုပ်တို့ တရုတ်နိုင်ငံသို့ လှည့်လည်ခြင်းအပေါ် သြစတြီးယား မီဒီယာများ အာရုံစူးစိုက်

(GMT+08:00) 2018-04-04 14:13:09

သြစတြီးယားသမ္မတ Alexander Van der Bellen နှင့် ဝန်ကြီးချုပ် Sebastian Kurz တို့သည် ယခုလ ၇ရက်နေ့တွင် သမိုင်း၌ အကြီးဆုံးသော သြစတြီးယားကိုယ်စားလှယ်အဖွဲ့ကို ဦးဆောင်၍ တရုတ်နိုင်ငံသို့ လှည့်လည်မည်ဖြစ်ကြောင်း၊ တရုတ်နိုင်ငံဆိုင်ရာ သြစတြီးယားသံအမတ်ကြီး Friedrich Stiftက သြစတြီးယားသမ္မတ Van der Bellenသည် တရုတ်နိုင်ငံမှ ဖိတ်ကြားချက်ရရှိခြင်းအတွက် ဝမ်းသာပါကြောင်း၊ တရုတ်နိုင်ငံသည် သြစတြီးယား၏ အရေးကြီးသည့် မိတ်ဖက်နိုင်ငံ ဖြစ်ကြောင်း၊ သြစတြီးယားအစိုးရအဖွဲ့ ဖွဲစည်းခြင်းသည် မကြာသေးသောကြောင့် ယခုအကြိမ်ခရီးစဉ်ဖြင့် တရုတ်-သြစတြီးယား နိုင်ငံရေးဆွေးနွေးခြင်း၊ ရင်းနှီးမြှုပ်နှံမှုနှင့် ယဉ်ကျေးမှုကိတိုးမြှင့်နိုင်ရန် မျှော်လင့်ကြောင်း၊ သြစတြီးယားတွင် ဆောင်းရာသီ အိုလံပစ် အားကစားပြိုင်ပွဲ ၂ကြိမ် ကျင်းပဖူးသဖြင့် ၂၀၂၂ခုနှစ် ပီကင်း ဆောင်းရာသီ အိုလံပစ် အားကစားပြိုင်ပွဲအတွက် အတွေ့အကြုံပေးနိုင်ရန်မျှော်လင့်ကြောင်း ပြောကြားခဲ့သည်ဟု စီအာအိုင်သတင်းအရ သိရပါသည်။

   Webradio