• ဆက်သွယ်ရန်•  မြန်မာဘာသာဌာနအကြောင်း
   

အမေရိကန်၏ "၃၀၁ စုံစမ်းစစ်ဆေးမှု"အရ အခွန်ကောက်ယူရန် တရုတ် ကုန်ပစ္စည်း စာရင်းဇယား အဆိုပြုချက် ထုတ်ပြန်ခဲ့ခြင်းအပေါ် ကန်ဆိုင်ရာ တရုတ်သံရုံး ပြစ်တင်ရှုတ်ချ

(GMT+08:00) 2018-04-04 14:11:01

      အမေရိကန်၏ "၃၀၁ စုံစမ်းစစ်ဆေးမှု"အရ အခွန်ကောက်ယူရန် တရုတ် ကုန်ပစ္စည်း စာရင်းဇယားအဆိုပြုချက် ထုတ်ပြန်ခဲ့ခြင်းနှင့် ပတ်သက်၍၊ အမေရိကန်နိုင်ငံဆိုင်ရာ တရုတ်သံရုံးသည်၊ ဒေသစံတော်ချိန် ဧပြီလ ၃ ရက်နေ့က ကြေညာချက်ထုတ်ပြန်ခဲ့ပြီး အမေရိကန်အနေနှင့်၊ အထောက်အထားမဲ့ အခြေအနေမျိုးတွင် တရုတ်ပြည်အပေါ် "၃၀၁ စုံစမ်းစစ်ဆေးမှု"ပြုလုပ်သည့်အပြင်၊ အခွန်ကောက်ယူရန် အဆိုပြုချက်ထုတ်ပြန်ခဲ့ခြင်း အပေါ် ပြင်းပြင်းထန်ထန်ပြစ်တင်ရှုတ်ချခဲ့ကြောင်း စီအာအိုင်ကဖော်ပြသည်။

ထိုကြေညာချက်တွင်၊ အမေရိကန်၏လုပ်ရပ်သည်၊ ကမ္ဘာ့ကုန်သွယ်ရေးအဖွဲ့၏ အခြေခံမူများနှင့် အဓိကအကြောင်းအရများကို ဖောက်ဖျက်ပြီး၊ စံတင်လောက်သော တစ်ဖက်သတ်ဝါဒနှင့် ကုန်သွယ်မှု ကိုယ်ကျိုးစီးပွါးကာကွယ်ခြင်းလုပ်ရပ် ဖြစ်ပြီး၊ တရုတ်၏ နိုင်ငံတော်အကျိုးစီးပွား၊ အမေရိကန်၏ နိုင်ငံတော်အကျိုးစီးပွားနှင့် ကမ္ဘာ့စီးပွားရေး အကျိုးများအပေါ် အကျိုးရှိမည်မဟုတ်ကြောင်းဖော်ပြခဲ့သည်ဟု သတင်းအရသိရသည်။

   Webradio