• ဆက်သွယ်ရန်•  မြန်မာဘာသာဌာနအကြောင်း
   

အမေရိကန်၏ အခွန်ကောက်ယူရန် တရုတ်ကုန်ပစ္စည်း စာရင်းဇယား အဆိုပြုချက် ထုတ်ပြန်ခြင်းနှင့် ပတ်သက်ပြီး တရုတ် နိုင်ငံခြားရေး ဝန်ကြီးဌာန ပြောကြား

(GMT+08:00) 2018-04-04 09:36:30

အမေရိကန် ကုန်သွယ်မှု ကိုယ်စားလှယ်ရုံးမှ မကြာသေးမီက ထုတ်ပြန်ခဲ့သော "၃၀၁ စုံစမ်းစစ်ဆေးမှု" အရ အခွန်ကောက်ယူရန် တရုတ် ကုန်ပစ္စည်း စာရင်းဇယား အဆိုပြုချက်နှင့် ပတ်သက်ပြီး တရုတ်နိုင်ငံခြားရေး ဝန်ကြီးဌာန ပြောရေးဆိုခွင့်ရှိသူ လူခမ်းက၊ အမေရိကန်သည် တရုတ်ပြည်ဘက်၏ တည်ကြည်လေးနက်သော အရေးဆိုခြင်းကို လျစ်လျူရှုပြီး၊ အဖြစ်မှန် အထောက်အထား လုံးဝ မရှိဘဲနှင့် အခွန် ကောက်ယူရန် စာရင်းဇယား အဆိုပြုချက်ကို ထုတ်ပြန် ခဲ့ကြောင်း၊ ယင်းသည် စံတင်လောက်သော တစ်ဖက်စွန်းဝါဒနှင့် ကုန်သွယ်မှု ကိုယ်ကျိုးစီးပွါး ကာကွယ်ရေး လုပ်ရပ် ဖြစ်ကြောင်း၊ တရုတ်နိုင်ငံသည် ယင်းလုပ်ရပ်ကို ပြင်းပြင်းထန်ထန် ပြစ်တင်ရှုတ်ချပြီး ပြတ်ပြတ်သားသား ကန့်ကွက်ကြောင်း ယခုလ ၄ ရက်နေ့က ပြောကြားခဲ့သည်ဟု ဆင်ဟွာသတင်းအရ သိရပါသည်။

   Webradio