• ဆက်သွယ်ရန်•  မြန်မာဘာသာဌာနအကြောင်း
   

တရုတ်-ရုရှားလက်တွေ့ပူးပေါင်းဆောင်ရွက်မှုသည်၊ ကမ္ဘာမဟာဗျူဟာဆိုင်ရာ ညီမျှမှုနှင့် တည်ငြိမ်မှုပြန်လည်ရရှိစေရေးအတွက် အကျိုးရှိမည်

(GMT+08:00) 2018-04-03 10:34:49

      ယခုလ ၁ ရက်နေ့မှ ၈ရက်နေ့အထိ တရုတ်နိုင်ငံတော်ကောင်စီဝင်၊ နိုင်ငံတော် ကာကွယ်ရေးဝန်ကြီး ဗိုလ်ချုပ်ကြီး ဝေ့ဖုန့်ဟိုသည်၊ ရုရှားနိုင်ငံ၏ ဖိတ်ကြားချက်အရ၊ မော်စကိုနိုင်ငံတကာလုံခြုံမှုရေးရာ အစည်းအဝေးသို့ တက်ရောက်ပြီး၊ ရုရှားနှင့် ဘီလာရုစ် နိုင်ငံများတွင် ခရီးလှည့်လည်မည်ဖြစ်ကြောင်း၊ ယခုလ ၄ ရက်နေ့နှင့် ၅ ရက်နေ့တွင် တရုတ် နိုင်ငံတော်ဥက္ကဋ္ဌရှီကျင့်ဖိန်၏ အထူးသံတမန်၊ နိုင်ငံတော်ကောင်စီဝင်၊ နိုင်ငံခြားရေးဝန်ကြီး ဝမ်ယိသည်လည်း ရုရှားနိုင်ငံသို့ ခရီးလှည့်လည်မည်ဖြစ်ကြောင်း စီအာအိုင်က ဖော်ပြသည်။

နိုင်ငံတော်ကာကွယ်ရေးဝန်ကြီးဌာနမှ ပြောရေးဆိုခွင့်ရှိသူယိန်ကိုချမ်က တရုတ်နှင့် ရုရှားတို့သည်၊ အဓိကအကျဆုံးနှင့် အရေးအကြီးဆုံးသော မဟာဗျူဟာပူးပေါင်းဆောင်ရွက် ရေးမိတ်ဖက်များဖြစ်ပြီး၊ တရုတ်-ရုရှားဆက်ဆံမှုသည်၊လက်ရှိကမ္ဘာပေါ်တွင် ဖွံ့ဖြိုးမှု အကောင်းဆုံးသော နိုင်ငံကြီးများအကြားဆက်ဆံမှုပင်ဖြစ်ကြောင်း ပြောကြားခဲ့သည်ဟု သတင်းအရသိရသည်။

 

   Webradio