• ဆက်သွယ်ရန်•  မြန်မာဘာသာဌာနအကြောင်း
   

ဝမ်ယိနှင့် ဗီယက်နမ် ဝန်ကြီးချုပ် ငုငင်ရွှမ်ပွတ် တွေ့ဆုံ

(GMT+08:00) 2018-04-01 16:03:54

        မတ်လ ၃၁ ရက်နေ့က ဗီယက်နမ် အစိုးရ ဝန်ကြီးချုပ် ငုငင်ရွှမ်ပွတ်သည် ဟနွိုင်းမြို့၌ တရားဝင် အလည်အပတ် ရောက်ရှိနေသော တရုတ် နိုင်ငံတော်ကောင်စီဝင်၊ နိုင်ငံခြားရေးဝန်ကြီး ဝမ်ယိနှင့် တွေ့ဆုံခဲ့ကြောင်း စီအာအိုင် သတင်းအရ သိရပါသည်။

        ထိုသို့ တွေ့ဆုံရာတွင် ဝမ်ယိက ၂၀၁၇ခုနှစ်အတွင်း တရုတ်-ဗီယက်နမ် ဆက်ဆံမှုတွင် အောင်ကျိုးရလဒ် များစွာရရှိခဲ့ကြောင်း၊ နှစ်နိုင်ငံတို့သည် တံခါးဖွင့် ပြုပြင်ပြောင်းလဲရေးလုပ်ငန်းကို အသီးသီးဆောင်ရွက်ပြီး ယင်း ပြုပြင်ပြောင်းလဲမှုဖြင့် မိမိနိုင်ငံ၏ ဖွံ့ဖြိုးရေးကို တောင့်တင်းသောတွန်းအား ပေးကြကြောင်း ပြောကြားသည်။

        ငုငင်ရွှမ်ပွတ်က ဗီယက်နမ်နိုင်ငံသည် တရုတ်ပြည်ကို အလွန်အလေးထားပြီး ဗီယက်နမ်နိုင်ငံ၏ နိုင်ငံခြားရေး ပေါ်လစီများတွင် ဗီယက်နမ်-တရုတ် ဆက်ဆံမှုကို ဦးစားပေးနေရာ၌ ထားရှိကြောင်း ပြောကြားသည်။

   Webradio