• ဆက်သွယ်ရန်•  မြန်မာဘာသာဌာနအကြောင်း
   

ဝမ်ယိသည် လာအိုဝန်ကြီးချုပ်သုန်လွန်နှင့် တွေ့ဆုံ

(GMT+08:00) 2018-04-01 11:18:43

  

 ယမန်နေ့ မတ်လ ၃၁ ရက်နေ့တွင် တရုတ်နိုင်ငံတော်ကောင်စီဝင်နှင့် နိုင်ငံခြားရေးဝန် ကြီး ဝမ်ယိသည် ဗီယက်နမ်နိုင်ငံ ဟနွိုင်းမြို့၌ လာအိုဝန်ကြီးချုပ် သုန်လွန် နှင့် တွေ့ဆုံခဲ့ သည်ဟုစီအာအိုင်သတင်းအရသိရသည်။

   ဝမ်ယိသည် ဝန်ကြီးချုပ်လီခေ့ချန် သုန်လွန်အပေါ် နှုတ်ဆက်မှုကို တဆင့်ပြောကြားခဲ့ သည်။ဝမ်ယိက တရုတ် ပြည်လုံးဆိုင်ရာ ပြည်သူ့နိုင်ငံရေးအတိုင်ပင်ခံ ကွန်ဖရင့်နှင့် ပြည်သူ့ ကွန်ဂရက် အစည်းအဝေးနှစ်ခုမှ အရေးကြီးသော အောင်မြင်မှုများကို မိတ်ဆက်ခဲ့ပြီး တရုတ်ကွန်မြူနစ်ပါတီ ၁၉ ကြိမ်မြောက်ညီလာခံ အောင်မြင်စွာ ကျင်းပပြီးနောက် အထွေထွေအတွင်းရေးမှူးရှီကျင့်ဖိန်၏ ပထမဆုံးအကြိမ် ပြည်ပခရီးလှည့်လည်မှုသည် လာအိုနိုင်ငံသို့ ခရီးလှည့်လည်ခြင်းဖြစ်ကြောင်း၊ နှစ်နိုင်ငံခေါင်းဆောင်ကြီးများသည် မဟာဗျူဟာ အဓိပ္ပါယ်ရှိသော တရုတ်လာအို ကံကြမ္မာအသိုက်အဝန်းဖန်တီးရေးနှင့် ပတ်သက်၍ အရေးကြီးသော သဘောတူညီချက်ရရှိခဲ့ပြီး နှစ်နိုင်ငံဆက်ဆံရေး အနာဂတ် ဖွံ့ဖြိုးရေးအတွက် လမ်းညွှန်ပေးခဲ့ကြောင်းပြောကြားသည်။

   ဝမ်ယိက တရုတ်လာအိုနှစ်နိုင်ငံတို့သည် လန်ချန်မဲခေါင်ပူးပေါင်းဆောင်ရွက်မှု၏ သဘာပတိနိုင်ငံဖြစ်ပြီး တရုတ်နိုင်ငံအနေနှင့် လာအိုနိုင်ငံနှင့်အတူ ထိန်းညှိမှုကို အားသစ် လောင်းပေးပြီး လန်ချန်မဲခေါင်ပူးပေါင်းဆောင်ရွက်မှု ပိုမိုကြီးမားသော တိုးတက်မှု ရရှိနိုင်ရန် တွန်းအားပေးလိုကြောင်း ပြောကြားသည်။

   သုန်လွန်က လွန်ခဲ့သည့်နှစ်များအတွင်း နှစ်နိုင်ငံ လက်တွေ့ကျဆောင်ရွက်မှုများမှ အရေးကြီးသော အောင်မြင်မှု များစွာရရှိခဲ့ပြီး အထူးသဖြင့် တရုတ်လာအို ရထားလမ်းတည် ဆောက်မှုကို ချောမောစွာ ဆောင်ရွက်ခဲ့ကာ လာအိုပြည်သူများသည် Belt & Road မှ အကျိုး များစွာ ခံစားရရှိခဲ့ကြောင်း၊ လာအိုနိုင်ငံအနေနှင့် တရုတ်နိုင်ငံနှင့် အဆင့်မြင့်ကူးလူး ဖလှယ်မှု ထိန်းထားပြီး အပြန်အလှန်ဆက်သွယ်ရေးနယ်ပယ်မှ ပူးပေါင်းဆောင်ရွက်မှုကို ဆက်လက်တွန်းအားပေးနိုင်ရန် မျှော်လင့်ကြောင်းပြောကြားသည်။

   Webradio