• ဆက်သွယ်ရန်•  မြန်မာဘာသာဌာနအကြောင်း
   

စင်ကာပူသမ္မတသည် စင်ကာပူနှင့် တရုတ်လက်တွဲ၍ ဒေသတွင်း လုံခြုံရေးအတွက်အကျိုးပြုရန် ဆန္ဒရှိ

(GMT+08:00) 2018-03-30 14:01:30

စင်ကာပူသမ္မတဟာလီမာက စင်ကာပူသည် တရုတ်နှင့် လက်တွဲ၍ ဒေသတွင်း တည်ငြိမ်အေးချမ်းရေးနှင့် ဖွံ့ဖြိုးရေးအတွက် အကျိုးပြုရန် ဆန္ဒရှိကြောင်း ယခုလ ၂၉ရက်နေ့က ပြောကြားခဲ့သည်ဟု ဆင်ဟွာသတင်းအရသိရပါသည်။

စင်ကာပူဆိုင်ရာ တရုတ်သံအမတ်ကြီးသစ် ဟုန်လျှောက်ယုံ၏ သံအမတ်ကြီးခန့်အပ်လွှာလက်ခံရာတွင် ဟာလီမာက စင်ကာပူနှင့် တရုတ်ဆက်ဆံမှုကောင်းမွန်ကြောင်း၊ နှစ်နိုင်ငံ အဆင့်မြင့်ကူးလူးဆက်ဆံမှု များပြားကြောင်း၊ နှစ်နိုင်ငံ၏နယ်ပယ်အသီးသီးတွင် ကြယ်ပြန့်သော ပူးပေါင်းဆောင်ရွက်မှုရှိကြောင်း၊ စင်ကာပူနှင့် တရုတ်သည် လက်တွဲ၍ ဒေသတွင်း တည်ငြိမ်အေးချမ်းရေးနှင့် ဖွံ့ဖြိုးရေးအတွက် အကျိုးပြုရန် ဆန္ဒရှိကြောင်း ပြောကြားခဲ့သည်ဟု သိရပါသည်။

   Webradio