• ဆက်သွယ်ရန်•  မြန်မာဘာသာဌာနအကြောင်း
   

ရှီကျင့်ဖိန်သည် အာဖရိက နိုင်ငံများမှ ထိပ်သီးခေါင်းဆောင်များနှင့် တွေ့ဆုံ

(GMT+08:00) 2018-03-30 12:39:54

တရုတ် နိုင်ငံတော် ဥက္ကဋ္ဌ ရှီကျင့်ဖိန်သည် ယခုလ ၂၉ရက်နေ့က ပီကင်းတွင် အလည်အပတ် ရောက်ရှိလာသော နာမီးဘီးယား နိုင်ငံ သမ္မတ ဟိတ် ဂင်ဂုတ်နှင့် တွေ့ဆုံ ဆွေးနွေးခဲ့ကြောင်း၊ ယင်းသည် ကင်မရွန်း နိုင်ငံ သမ္မတ ဘီယာနှင့် တွေ့ဆုံနှုတ်ဆက်ပြီး ပြီးခဲ့သည့် တစ်ပတ်အတွင်း ရှီကျင့်ဖိန် တွေ့ဆုံသည့် ဒုတိယ အာဖရိက နိုင်ငံ ထိပ်သီးခေါင်းဆောင် ဖြစ်ကြောင်း စီအာအိုင် သတင်းအရ သိရသည်။

ထိုသို့တွေ့ဆုံဆွေးနွေးရာတွင် ရှီကျင့်ဖိန်က တရုတ်နှင့် အာဖရိကတို့သည် အေးအတူ ပူအမျှ ဖြစ်သော ကံကြမ္မာ အသိုက်အဝန်းနှင့် ပူးပေါင်းဆောင်ရွက်မှု ပြုလုပ်ပြီး အပြန်အလှန် အကျိုးရှိစေသည့် အကျိုးစီးပွား အသိုက်အဝန်းလည်း ဖြစ်ကြောင်း၊ တရုတ်ပြည် အနေနှင့် မှန်ကန်သော တာဝန်ဝတ္တရားနှင့် အကျိုးစီးပွားဆိုင်ရာ အမြင်သဘောနှင့် အာဖရိက အပေါ် မေတ္တာ စေတနာဖြင့် ရင်းနှီးမှုစွာ ပေါင်းသင်းဆက်ဆံရေး မူဝါဒကို ဆက်လက် စွဲကိုင်ပြီး တရုတ်ပြည်၏ ဖွံ့ဖြိုးတိုးတက်ရေးကို အာဖရိက၏ ဖွံ့ဖြိုးတိုးတက်ရေး အတွက် ကူညီပံ့ပိုးရေး နှင့်နွေးထွေးစွာ ပေါင်းစပ်ကာ အတူ အောင်မြင်မှု ရရှိရေးနှင့် အတူ ဖွံ့ဖြိုးတိုးတက်ရေးကို အကောင်အထည်ဖော်မည် ဖြစ်ကြောင်း၊ အထူးသဖြင့် တရုတ်-အာဖရိက ပူးပေါင်း ဆောင်ရွက်ခြင်းဖြင့် အာဖရိက နိုင်ငံများ၏ ကိုယ်ပိုင် ဆက်တိုက် ဖွံ့ဖြိုးတိုးတက်နိုင်စွမ်းကို တိုးမြှင့်ပေးမည် ဖြစ်ကြောင်း၊ တရုတ်နှင့် အာဖရိကတို့သည် ပိုမို နွေးထွေးသော တရုတ်-အာဖရိက အသိုက်အဝန်းကို လက်တွဲတည်ဆောက်ပြီး တရုတ်-အာဖရိက ဆက်ဆံမှု ဖွံ့ဖြိုးတိုးတက်ရေး အတွက် တွန်းအားသစ်ကို အဆက်မပြတ်ပေးနိုင်မည်ဟု ယုံကြည်ကြောင်း ပြောကြားသည်။

 

 

 

   Webradio