• ဆက်သွယ်ရန်•  မြန်မာဘာသာဌာနအကြောင်း
   

ဗဟို ပြုပြင်ပြောင်းလဲမှုဘက်စုံနက်ရှိုင်းစေရေးကော်မတီ ပထမအကြိမ်အစည်းအဝေးကို ရှီကျင့်ဖိန်ကြီးမှူးကျင်းပ

(GMT+08:00) 2018-03-29 17:48:16

   တရုတ်ကွန်မြူနစ်ပါတီဗဟိုကော်မတီ အထွေထွေအတွင်းရေးမှူး၊ နိုင်ငံတော်ဥက္ကဋ္ဌ၊ ဗဟိုစစ်ရေးကော်မရှင်ဥက္ကဋ္ဌ၊ ဗဟို ပြုပြင်ပြောင်းလဲမှုဘက်စုံနက်ရှိုင်းစေရေးကော်မတီ ဥက္ကဋ္ဌရှီကျင့်ဖိန်သည် ယမန်နေ့ ၂၈ ရက်နေ့ညနေပိုင်းက ဗဟို ပြုပြင်ပြောင်းလဲမှု ဘက်စုံနက်ရှိုင်းစေရေးကော်မတီ ပထမအကြိမ်အစည်းအဝေးကို ကြီးမှူးကျင်းပပြီး အရေးကြီးမိန့်ခွန်းပြောကြားခဲ့သည်ဟု ဆင်ဟွာသတင်းအရသိရသည်။ ရှီကျင့်ဖိန်က ပါတီနှင့်အစိုးရလုပ်ငန်းဌာနများ ပြုပြင်ပြောင်းလဲမှု နက်ရှိုင်းစေရေးလုပ်ငန်း ဘက်စုံစတင်ပြီဖြစ်ပြီး ပြုပြင်ပြောင်းလဲမှု ဘက်စုံနက်ရှိုင်းစေရေးလုပ်ငန်း အဆင့်သစ်သို့ ဝင်ရောက်ပြီဟုပြဆို ကြောင်း၊ ပြုပြင်ပြောင်းလဲမှု ဘက်စုံနက်ရှိုင်းစေရေးလုပ်ငန်းအပေါ် ပါတီ၏ ဦးဆောင်မှုကို အားသစ်လောင်းပေးပြီး ပြုပြင်ပြောင်းလဲရေးလုပ်ငန်းကို တွန်းအားပေးရမည်ဖြစ်ကြောင်း ပြောကြားသည်။

   Webradio