• ဆက်သွယ်ရန်•  မြန်မာဘာသာဌာနအကြောင်း
   

သီရိလင်္ကာပထမဦးဆုံးသောတရုတ်ငွေရင်းဖြင့်လုပ်ကိုင်သည့်ငွေကြေးဌာနဖွင့်လှစ်

(GMT+08:00) 2018-03-29 14:33:32

သီရိလင်္ကာပထမဦးဆုံးသောတရုတ်ငွေရင်းဖြင့်လုပ်ကိုင်သည့်ငွေကြေးဌာနဖြစ်သော တရုတ်နိုင်ငံတော်ဘဏ်ကိုလမ်ဘိုဘဏ်ခွဲ ဖွင့်ပွဲအခမ်းအနားကို ယခုလ ၂၈ ရက်နေ့က ကျင်းပခဲ့ကြောင်း ဆင်ဟွာသတင်းအရ သိရပါသည်။

သီရိလင်္ကာဝန်ကြီးချုပ် ရန်နီလ်က သီရိလင်္ကာ-တရုတ်နှစ်နိုင်ငံသည် Belt and Road အဆိုပြုချက်ဘောင်တွင် နယ်ပယ်အသီးသီး၌ စီးပွါးကုန်သွယ်ရေးပူးပေါင်း ဆောင်ရွက်မှုပြုလုပ်နေကြောင်း၊ တရုတ်နိုင်ငံတော်ဘဏ်ကိုလမ်ဘိုဘဏ်ခွဲသည် အနာဂတ် သီရိလင်္ကာ-တရုတ် ကုန်သွယ်ရေးနှင့်ငွေရေးကြေးရေးတွင် အရေးကြီးသော အခန်းမှာပါဝင်ဆောင်ရွက်နိုင်မည်ဟုယုံကြည်ပါကြောင်း ဖွင့်ပွဲအခမ်းအနားတွင် ပြောကြားခဲ့သည်ဟု သိရပါသည်။

   Webradio