• ဆက်သွယ်ရန်•  မြန်မာဘာသာဌာနအကြောင်း
   

မြန်မာနိုင်ငံတော်သမ္မတ ရွေးကောက်တင်မြောက်ပွဲကျင်းပ

(GMT+08:00) 2018-03-28 14:59:59

          မတ်လ(၂၈)ရက် ဒီကနေ့တွင်ကျင်းပသည့် မြန်မာနိုင်ငံဒုတိယအကြိမ် ပြည်ထောင်စုလွှတ်တော် သတ္တမပုံမှန်အစည်းအဝေး(၂၀)ရက်မြောက်နေ့တွင် နိုင်ငံတော် သမ္မတရွေးကောက်တင်မြှောက်ခြင်းကို ပြုလုပ်ခဲ့ကြောင်းသိရပါသည်။         

နိုင်ငံတော်သမ္မတလောင်း(၃)ဦးဖြစ်တဲ့ ဦးမြင့်ဆွေ၊ ဦးဟင်နရီဗန်ထီးယူနှင့် ဦးဝင်းမြင့်တို့အနက်မှနိုင်ငံတော်သမ္မတအဖြစ်ရွေးချယ်တင်မြောက်နိုင်ဖို့အတွက် ပြည်ထာင် စုလွှတ်တော်ကိုယ်စားလှယ်များက ဆန္ဒမဲပေးရွေးချယ်ခဲ့ကြရာ သမ္မတလောင်းဦးဝင်းမြင့်က ထောက်ခံဆန္ဒမဲပေါင်း(၄၀၃)မဲနှင့် အနိုင်ရရှိခဲ့ပြီး နိုင်ငံတော်သမ္မတသစ်အဖြစ် ရွေးချယ် တင်မြှောက်ခြင်းခံခဲ့ရပါသည်။ သမ္မတလောင်းဦးမြင့်ဆွေက ထောက်ခံဆန္ဒမဲပေါင်း(၂၁၁) မဲနှင့် ဒုတိယသမ္မတ(၁)အဖြစ်လည်းကောင်း၊ သမ္မတလောင်းဦးဟင်နရီဗန်ထီးယူက ထောက်ခံဆန္ဒမဲ(၁၈)မဲနှင့် ဒုတိယသမ္မတ(၂)အဖြစ်လည်းကောင်း အသီးသီးရွေးချယ်တင် မြှောက်ခဲ့ကြပါသည်။  

အဆိုပါ နိုင်ငံတော်သမ္မတရွေးချယ်တင်မြှောက်ပွဲသည် နိုင်ငံတော်သမ္မတ ဦးထင်ကျော် သမ္မတတာဝန်မှ အနားယူသွားပြီးနောက် (၈)ရက်မြောက်နေ့တွင် မြန်မာနိုင်ငံ ဖွံ့စည်းပုံအခြေခံဥပဒေပုဒ်မ ၇၃ ပုဒ်မခွဲ(ဃ)၊ နိုင်ငံတော်သမ္မတနှင့် ဒုတိယသမ္မတများ ရွေးချယ်တင်မြှောက်ခြင်းဆိုင်ရာ နည်းဥပဒေ ၄၇ နည်းဥပဒေခွဲ(ခ)နှင့်အညီ ကျင်းပပြုလုပ် ခြင်းဖြစ်ကြောင်းသိရပါသည်။

   Webradio