• ဆက်သွယ်ရန်•  မြန်မာဘာသာဌာနအကြောင်း
   

"တရုတ်ပြည်အကြောင်းသိရှိခြင်း--တရုတ်လမ်းကြောင်း၏ ကမ္ဘာကြီးအတွက် အကျိုးသက်ရောက်မှု "ဟောပြောပွဲ၌ ကျင်းပ

(GMT+08:00) 2018-03-26 14:49:23

"တရုတ်ပြည်အကြောင်းသိရှိခြင်း--တရုတ်လမ်းကြောင်း၏ ကမ္ဘာကြီးအတွက်အကျိုးသက်ရောက်မှု" ခေါင်းစဉ်ဖြစ်သည့်ဟောပြောပွဲ၊ နှီးနှောဖလှယ်ပွဲများလှုပ်ရှားမှုများကို ယခုလ ၂၄ရက်နေ့က ဘန်ကောက်မြို့ရှိ တရုတ်ယဉ်ကျေးမှုစင်တာ၌ ကျင်းပခဲ့ကြောင်း စီအာအိုင်သတင်းအရသိရပါသည်။

တရုတ်ဖုတန့်တက္ကသိုလ်တရုတ်ရေးရာသုတေသနာဌါနမှူး၊ တရုတ်နိုင်ငံတော်အဆင့်မြင့် တတ်သိပညာရှင်များ ကောင်စီဝင် ပါမောက္ခ ကျန်းဝေဝေသည် တရုတ်လမ်းကြောင်း၏ ကမ္ဘာကြီးအတွက် အကျိုးသက်ရောက်မှု ခေါင်းစဉ်ဖြင့် မိန့်ခွန်းပြောကြားခဲ့ကြောင်း၊ ထိုင်းနိုင်ငံတော်သုတေသနဌါနထိုင်း-တရုတ်မဟာဗျူဟာ ပူးပေါင်းဆောင်ရွက်မှုသုတေသန စင်တာဥက္ကဋ္ဌ surasit thanadtangသည် ထိုင်းလူမျိုး၏ တရုတ်ဖွံ့ဖြိုးရေးဆိုင်ရာ အမြင်များခေါင်းစဉ်ဖြင့် တရုတ်ပြည်၏ ဖွံ့ဖြိုးတိုးတက်မှုနှင့်ပတ်သက်၍ ထင်မြင်ချက်များကို သုံးသပ်ထားကြောင်း သတင်းရရှိပါသည်။

   Webradio