• ဆက်သွယ်ရန်•  မြန်မာဘာသာဌာနအကြောင်း
   

အမေရိကန် ဒေသများစွာ၌ သေနတ် ထိန်းချုပ်မှု ဆန္ဒပြပွဲ ဖြစ်ပွါး

(GMT+08:00) 2018-03-26 09:10:09

ဒေသစံတော်ချိန် ယခုလ ၂၄ ရက်နေ့က အမေရိကန် ဝါရှင်တန်၊ နယူးယောက်၊ ချကားကို စသည့်ဒေသများ၌ ကျောင်းသူကျောင်းသားများ စည်းရုံးသော သေနတ် ထိန်းချုပ်မှု လှည့်လည် ဆန္ဒပြပွဲများ ဖြစ်ပွါးခဲ့ကြောင်း၊ သိန်းနှင့်ချီသော ဆန္ဒပြသူများသည် ဖလော်ရီဒါ ကျောင်းဝင်းအတွင်း သေနတ်ပစ်ခတ်မှု ဖြစ်ပွါးခဲ့သည့်နောက်ပိုင်း အိမ်ဖြူတော်နှင့် လွှတ်တော်တို့ တာဝန်ပျက်ကွက်မှု အပေါ် ဆန္ဒပြ ကန့်ကွက်ကြပြီး အမေရိကန် အစိုးရ အနေနှင့် သေနတ်ပစ် အကြမ်းဖက်မှုများကို ထိန်းချုပ်ရန် တောင်းဆိုခဲ့ကြကြောင်း စီအာအိုင် သတင်းအရ သိရပါသည်။

ယင်းနေ့၌ပင် အိမ်ဖြူတော်မှ ပြောရေးဆိုခွင့်ရှိသူက ကြေညာချက် ထုတ်ပြန်ပြီး၊ ဆန္ဒပြ ကျောင်းသူကျောင်းသားများအတွက် လက်ခုတ်တီး သြဘာပေးကြောင်း ဖေါ်ပြခဲ့ပါသည်။ သမ္မတ ထရန့်ကမူ ယခင်ကလို မဟုတ်ဘဲ ယင်းအပေါ် ဝေဖန်ချက် တစ်စုံတစ်ရာ ဖေါ်ပြခြင်း မရှိကြောင်း သိရပါသည်။

   Webradio