• ဆက်သွယ်ရန်•  မြန်မာဘာသာဌာနအကြောင်း
   

NPC&CPPCC အပေါ် မြန်မာသံအမတ်ကြီးရဲ့အမြင်

(GMT+08:00) 2018-03-23 18:12:09

တရုတ်နိုင်ငံရဲ့ နိုင်ငံရေးစနစ်ဆိုင်ရာ(၁၃)ကြိမ်မြောက် တရုတ်ပြည်လုံးဆိုင်ရာ ပြည်သူ့ကွန်ကရက်နှင့်ပြည်သူ့နိုင်ငံရေးအတိုင်ပင်ခံကွန်ဖရင့်တို့ရဲ ပထမအကြိမ် အစည်း အဝေးတွေဟာ မတ်လ(၂၀)ရက်နေ့က ကျင်းပပြီးစီးခဲ့ပြီဖြစ်ပါတယ်။ ဒီအစည်းအဝေးတွေ မှာ နိုင်ငံတော်ဖွဲ့စည်းပုံအခြေခံဥပဒတွေကို ပြင်ဆင်အတည်ပြုနိုင်ခဲ့သလို အခြားစီးပွား ရေး၊ လူမှုရေး၊ သဘာဝပတ်ဝန်းကျင်နှင့် နိုင်ငံခြားရေးမူဝါဆိုင်ရာ အရေးကြီးအချက်တွေကို လည်း ဆွေးနွေးအတည်ပြုနိုင်ခဲ့တာတွေ့ရပါတယ်။ အခု အစည်းအဝေးတွေမှာ နိုင်ငံရဲ့ အရေးကြီးကဏ္ဍတွေကို ဆွေးနွေးအတည်ပြုနိုင်ခဲ့တာတွေနဲ့ လက်ရှိတရုတ်နိုင်ငံရဲ့ တံခါး ဖွင့်ပြုပြင် ပြောင်းလဲရေးရဲ့အောင်မြင်မှုတွေနဲ့ပတ်သက်ပြီး တရုတ်နိုင်ငံဆိုင်ရာ မြန်မာသံ အမတ်ကြီး ဦးသစ်လင်းအုန်းကို CRI က အခုလို သွားရောက်တွေ့ဆုံမေးမြန်းထားပါတယ်။

 

မေး>> မင်္ဂလာပါ သံအမတ်ကြီးရှင့်။

သံအမတ်ကြီး>> ဟုတ်ကဲ့မင်္ဂလာပါ။

မေး>> ဟုတ်ကဲ့ပါရှင့်။သံအမတ်ကြီးအနေနဲ့ တရုတ်အစိုးရရဲ့အစီရင်ခံစာကို ဖတ်ပြီးပြီလား ရှင့်။ အဲဒီထဲမှာ ဘယ်အကြောင်းအရာကို စိတ်ဝင်စားပါသလဲ။

သံအမတ်ကြီး>> ဟုတ်ကဲ့ ဖတ်ပြီးပါပြီ။ ကျွန်တော်တို့ ဒီလ(၅)ရက်နေ့မှာကျင်းပတဲ့ (၁၃) ကြိမ်မြောက်ပြည့်သူ့ကွန်ဂရက်ရဲ့ပထမအကြိမ်အစည်းအဝေးမှာတရုတ်နိုင်ငံတော် ကောင်စီဝန်ကြီးချုပ် မစ္စတာလီခေ့ချန်က တရုတ်အစိုးရရဲ့ ပြီးခဲ့တဲ့(၅)နှစ်အတွင်း လုပ်ငန်း ဆောင်ရွက်မှုအစီရင်ခံစာကို တင်သွင်းတယ်။ ပြီးခဲ့တဲ့အခါမှာ ၂၀၁၈ခုနှစ်နှင့် လာမယ့်ကာလ တွေအတွက် လုပ်ငန်းတွေရဲ့ မျှော်မှန်းချက်တွေ တင်သွင်းခဲ့တာကို ဖတ်ရပါတယ်။ အဲတော့ အဓိကတော့ ပြီးခဲ့တဲ့(၅)နှစ်အခြေအနေကို ပြန်ပြီးတော့သုံးသပ်တယ်။ ပြီးတဲ့အခါမှာ လူမှု ရေး၊ စီးပွားရေး လာမယ့်ကာလတွေမှာ ဖွံ့ဖြိုးတိုးတက်ဖို့အတွက် လိုအပ်တဲ့လမ်းညွှန်ချက် တွေ၊ လိုအပ်ချက်တွေကိုအဆိုပြုတယ်။ ၂၀၁၈ခုနှစ်မှာဆောင်ရွက်မယ့်လုပ်ငန်းတွေကို အဆိုပြုတယ်။ ပြီးခဲ့တဲ့အခါမှာ၂၀၁၈ခုနှစ်အတွက် ဘတ်ဂျက်ကိုလည်း အတည်ပြုတာကို တွေ့ရပါတယ်။ ကျွန်တော် အဲဒီအစီရင်ခံစာကို ဖတ်တဲ့အခါမှာ စိတ်ဝင်စား တာကတော့ ဂဏန်းအချက်အလက်လေးတွေကို စိတ်ဝင်စားပါတယ်။ ဒီဂဏန်းအချက် အလက်လေးတွေက တရုတ်နိုင်ငံရဲ့ ပြီးခဲ့တဲ့(၅)နှစ်အတွင်း ဖွံ့ဖြိုးတိုးတက်မှု ကွက်ကွက် ကွင်းကွင်းဖော်ပြတာကို သတိပြုမိပါတယ်။ ဥပမာအားဖြင့် တရုတ်နိုင်ငံရဲ့စီးပွားရေး လူမှု ရေးဖွံ့ဖြိုးတိုးတက်မှု နှစ်စဉ်ပျမ်းမျှ ပြီးခဲ့တဲ့ (၅)နှစ်အတွင်းမှာ (၇.၁)ရာခိုင်နှုန်းရှိခဲ့တယ်။ ပြီးခဲ့ အခါမှာ လူဦးရေပေါ့။ (၆၈)သန်းကို ဆင်းရဲမွဲတေမှုကနေမှ လွတ်မြောက်အောင် ဆောင် ရွက်ခဲ့တယ်။ အဲပြီးတော့ လူဦးရေ (၆၆)သန်းကိုလည်း ကျွန်တော်တို့ နေထိုင်မှုအဆောက် အဦတွေပေါ့နော်။ ကောင်းအောင်ဆောင်ရွက်နိုင်ခဲ့တယ်။ စုစုပေါင်းတော့ သန်း(၁၀၀)ပေါ့။ သန်း(၁၀၀)ရဲ့အဆောက်အဦသစ်တွေနေနိုင်အောင် ဆောင်ရွက်ပေးနိုင်တယ်။ ပြီးတော့ (၆၆)သန်းက အလုပ်အကိုင်အခွင့်အလမ်းတွေပေါ့။ မြို့ပေါ်မှာ ဖန်တီးပေးခဲ့တယ်။ အဲဒီ အတွက်ကြောင့် တစ်ဦးချင်းရဲ့ဝင်ငွေလည်းပဲတိုးလာတာကို တွေ့ရတယ်။ အဲဒီအတွက် ကြောင့် ဒီဂဏန်းအချက်အလက်တွေကိုကြည့်ခြင်းအားဖြင့် ပြီးခဲ့တဲ့ (၅)နှစ်အတွင်းမှာ တရုတ်နိုင်ငံရဲ့ စီးပွားရေး၊ လူမှုရေးဖွံ့ဖြိုးတိုးတက်မှုတွေဟာ တရုတ်နိုင်ငံသူနိုင်ငံသားတွေ ပင်မက အိမ်နီးချင်းနိုင်ငံတွေ၊ အခြားကမ္ဘာ့နိုင်ငံတွေအားလုံးက ၀မ်းသာဝမ်းမြောက်ရှိကြ တယ်။ ဂုဏ်ယူကြတယ်။ ဒါ အတုယူကြရမှာဖြစ်ပါတယ်။ အဲတော့ ဒီလိုမျိုးအောင်မြင်မှုတွေ ရတာဟာ တကယ်တော့ တရုတ်နိုင်ငံခေါင်းဆောင်တွေရဲ့သန္ဒိဌာန်စိတ်၊ နောက်တစ်ခါ ချမှတ်တဲ့မူဝါဒတွေရဲ့မှန်ကန်မှု၊ ပြီးခဲ့တဲ့အခါ တရုတ်အစိုးရအဆင့်ဆင့်ရဲ့ စွမ်းဆောင်ရည် အရင်းအမြစ်တွေပြည့်စုံမှု၊ ပြည်သူလူထုကလည်းစည်းစည်းလုံးလုံးညီညီညွတ်ညွှတ်နဲ့ ပါဝင်လုပ်ဆောင်မှုကြောင့်ရခဲ့တဲ့ အခြေအနေလို့ ကျွန်တော်ယူဆပါတယ်။ အိမ်နီးချင်း နိုင်ငံဖြစ်တဲ့ မြန်မာနိုင်ငံသားတစ်ယောက်အနေနဲ့လည်း မြန်မာပြည်သူလူထုနဲ့ မြန်မာ အစိုးရကိုယ်စားပေါ့။ဂုဏ်ယူဝမ်းမြောက်ကြောင်းတရုတ်အစိုးရရဲ့ လုပ်ဆောင်ချက်ကို အလွန် အင်မတန်မှ တန်ဖိုးထားလေးစားကြောင်းပြောလိုပါတယ်။

မေး>> ဟုတ်ကဲ့ပါရှင်။ ဆင်းရဲမွဲတေမှုပပျောက်ရေးအပါအ၀င် တရုတ်အစိုးရရဲ့ ပြည်သူ တွေနေထိုင်မှုဘ၀ အခြေအနေကောင်းမွန်အောင် တော်တော်များများကြိုးစားခဲ့ပါတယ်။ ဒါနဲ့ပတ်သက်ပြီးလည်း သံအမတ်ကြီးအနေနဲ့ ဘယ်လိုသုံးသပ်ချင်ပါသလဲရှင်။

သံအမတ်ကြီး>> ဟုတ်ကဲ့။ အဓိကကတော့ ဘယ်နိုင်ငံမဆို လူ့အသိုက်အ၀န်းတစ်ခုမှာ စားဝတ်နေရေး၊ နေထိုင်စားသောက်ရေးက နေ့စဉ်နေထိုင်မှုဘ၀ အဓိကကျပါတယ်။ အဲဒီ တော့ တရုတ်နိုင်ငံအစိုးရအနေနဲ့ အခုနက ကျွန်တော်ဆွေးနွေးခဲ့တဲ့ အချက်တွေပါသလိုပဲ ကျွန်တော်တို့တစ်ဦးချင်းဝင်ငွေတွေလည်း တိုးလာတယ်။ နောက် သူတို့ရဲ့နေထိုင်တဲ့ အဆောက်အဦတွေကိုလည်း အကောင်းဆုံးဖြစ်အောင်ဆောင်ရွက်ပေးတယ်။ ပြီးတဲ့အခါမှာ ကျန်းမာရေးအာမခံမှုတွေ ဆောင်ရွက်ပေးတယ်။ ကျန်းမာရေးအာမခံမှုတွေ ဆောင်ရွက်ပေး တာနှင့်အမျှ တရုတ်နိုင်ငံသူနိုင်ငံသားတွေရဲ့ သက်တမ်းဟာလည်း (၇၆.၇)နှစ်ထင်တယ် ကျွန်တော်မှတ်ထားတယ်။ အဲလောက်အထိအသက်ရှည်လာတာကိုတွေ့ရတယ်။ အဲတော့ အလုပ်အကိုင်လည်းရှိတယ်။ နေစရာအိမ်လည်းကောင်းကောင်းရှိတယ်ဆိုတဲ့အခါကျတော့ သူတို့ရဲ့လူမှုစီးပွားဘ၀ဖွံ့ဖြိုးတိုးတက်မှုရယ် အဓိကအချက်ပဲဖြစ်ပါတယ်။

မေး>> ဟုတ်ကဲ့ပါရှင့်။ ပြီးတော့ တရုတ်ပြည်ဟာ တံခါးဖွင့်ရေးနှင့်ပြုပြင်ပြောင်းလဲရေးမူဝါဒ ကို ကျင့်သုံးလာတာ နှစ်(၄၀)ပြည့်ပြီလို့ထင်တယ်။ ဒီတော့ လွန်ခဲ့တဲ့ နှစ်(၄၀)အတွင်းမှာ တရုတ်ပြည်ကရရှိခဲ့တဲ့ အောင်ကျိုးရလဒ်များနှင့်ပတ်သက်ပြီး သံအမတ်ကြီးက ဘယ်လို သုံးသပ်လဲရှင်။

သံအမတ်ကြီး>> ဟုတ်ကဲ့။ ကျွန်တော်တို့ ပြီးခဲ့တဲ့ တရုတ်နိုင်ငံရဲ့ခေါင်းဆောင်ကြီးဖြစ်တဲ့ မစ္စတာ တိန့်ရှောင်ဖိန်ကို အထူးပြုရမှာဖြစ်ပါတယ်။ သူ့ရဲ့ကြိုးစားအားထုတ်မှုနဲ့ တရုတ် နိုင်ငံဟာ တံခါးဖွင့်ဝါဒကို တိတိလင်းလင်း ကမ္ဘာကို ကြေညာခဲ့ပြီးတော့ ၀င်ရောက်ခဲ့တာပါ။ အဲတော့ ပြီးခဲ့တဲ့အောင်မြင်မှုတွေကို ပြန်ပြောဖို့က တော်တော်အခက်အခဲရှိပါတယ်။ ကဏ္ဍ ပေါင်းစုံမှာ အောင်မြင်ခဲ့တာကို တွေ့ရပါတယ်။ အထူးသဖြင့်တော့ စီးပွားရေးဖွံ့ဖြိုးတိုးတက် မှုကတော့ လက်ရှိအချိန်မှာ ကမ္ဘာမှာ ဒုတိယစီးပွားရေးအင်အားအကြီးဆုံးနိုင်ငံဖြစ်လာ တာကို ကြည့်ခြင်းအားဖြင့် ကျွန်တော်တို့သိသာတဲ့အနေအထားဖြစ်ပါတယ်။ ဒါတင်မက ဘဲနဲ့ ပြုပြင်ပြောင်းလဲမှုလုပ်တဲ့အခါမှာ ကြုံတွေ့ရတဲ့အခက်အခဲတွေကိုလည်း ကောင်း ကောင်းမွန်မွန်ရင်ဆိုင်ဖြေရှင်းပြီးတော့ ကျော်လွှားလာခဲ့တယ်။ ခုနက ကျွန်တော်စီးပွားရေး ကို နမူနာပြောသလိုပဲ တကယ်တော့ နိုင်ငံတကာဆက်ဆံရေးနယ်ပယ်မှာလည်း ပြုပြင် ပြောင်းလဲမှုရဲ့အကျိုးဆက်တွေနဲ့ တရုတ်နိုင်ငံမှာ မိတ်ဆွေအများကြီး တိုးတက်လာတယ်။ မိတ်ဆွေနိုင်ငံတွေ၊ ပူးပေါင်းဆောင်ရွက်တဲ့နိုင်ငံတွေ တိုးတက်လာတာရှိပါတယ်။ အဲဒီ အတွက်ကြောင့် အခုနောက်ဆုံး ပြီးခဲ့တဲ့(၅)နှစ်သက်တမ်းအတွင်းမှာ တရုတ်သမ္မတကြီး ရှီကျင့်ဖိန်ချမှတ်ခဲ့တဲ့ One Belt One Roadဆိုတာကတော့ အဓိကအကျဆုံးပြုပြင်ပြောင်း လဲမှုရဲ့နောက်တစ်ဆင့်လို့ ကျွန်တော်ပြောချင်ပါတယ်။

မေး>> ဟုတ်ကဲ့ပါ။ သံအမတ်ကြီးအနေနဲ့ တရုတ်ပြည်ရဲ့ ဒီမိုကရေစီနိုင်ငံရေးစနစ်နဲ့ ပတ် သက်ပြီးတော့လည်း ဘယ်လိုသုံးသပ်ချင်ပါသလဲရှင့်။

သံအမတ်ကြီး>> ဟုတ်ကဲ့။ တရုတ်နိုင်ငံကတော့ ဆိုရှယ်လစ် ကွန်ဆန်တေးတစ် ဒီမိုကရေစီ လို့ အမည်သညာပြုပါတယ်။ ဆိုရှယ်လစ် ဒီမိုကရေစီရဲ့အစိတ်အပိုင်းပါပဲ။ အဲတော့ တရုတ် ကွန်မြူနစ်ပါတီရဲ့ခေါင်းဆောင်မှုအောက်မှာ မူဝါဒတွေကိုချမှတ်တာကတော့ တရုတ်ကွန်မြူ နစ်ပါတီရဲ့ ပြည်သူ့ကွန်ဂရက်ကချမှတ်တယ်။ ဒါကို အကောင်အထည်ဖော်တဲ့အခါကျ တော့ တရုတ်ကွန်မြူနစ်ပါတီရဲ့ အဓိကဦးဆောင်မှု၊ တရုတ်နိုင်ငံခေါင်းဆောင်တွေရဲ့ခေါင်း ဆောင်မှုအောက်ကနေပြီးတော့မှ အကုန်လုံးပါဝင်ဆွေးနွေးခွင့်ပေးထားတယ်။ တရုတ်နိုင်ငံ ဟာ ကွန်မြူနစ်ပါတီတစ်ခုတည်းရှိတယ်လို့ပြောလို့မရပါဘူး။ အခြားနိုင်ငံရေး ပါတီအငယ် လေးတွေလည်းရှိတယ်။ သူတို့တွေရဲ့အသံလည်းနားထောင်တယ်။ ပြည်သူ့ကွန်ဂရက် အသီးသီးရဲ့အသံကိုလည်းပဲနားထောင်တယ်။ အဲဒါမကဘဲနဲ့ အစိုးရအဖွဲ့ရော နောက်တစ် ခါ ပြည်နယ်နဲ့တိုင်းဒေသကြီးတွေမှာရှိတဲ့ လူထုလူတန်းစားအဖွဲ့အစည်းတွေရော၊ တစ်သီး ပုဂ္ဂလတွေရော အားလုံးရဲ့အသံကိုနားထောင်ပြီးတော့မှ မျှော်မှန်းထားတဲ့ဆိုရှယ်လစ်နိုင်ငံ ရောက်အောင် မျှော်မှန်းပြီးတော့သွားနေတဲ့ ဒီိမိုကရေစီစနစ်ဖြစ်ပါတယ်။ တရုတ်နိုင်ငံရဲ့ ၀ိသေသလက္ခဏာထက် ထူးခြားတဲ့သွင်ပြင်လက္ခဏာရှိတာကိုတွေ့ရပါတယ်။

မေး>> ဟုတ်ကဲ့ပါရှင့်။ လွန်ခဲ့တဲ့ (၁၃)ကြိမ်မြောက် ပြည်သူ့ကွန်ဂရက်အစည်းအဝေးမှာ နိုင်ငံတော်ဖွဲ့စည်းပုံအခြေခံဥပဒေကို ပြုပြင်ခဲ့တယ်။ ဒါနဲ့ပတ်သက်ပြီး သံအမတ်ကြီးက ဘယ်လိုသုံးသပ်သလဲ။

သံအမတ်ကြီး>> ဟုတ်ကဲ့။ တရုတ်ပြည်သူ့သမ္မတနိုင်ငံ စတင်ထူထောင်ပြီးတဲ့နောက်မှာ ဖွဲ့စည်းပုံအခြေခံဥပဒေ(၄)ခုရှိခဲ့ပါတယ်။ ပြင်ဆင်မှုလည်းပဲ (၄)ကြိမ်ပြုလုပ်ခဲ့ပြီးဖြစ်ပါတယ်။ အခုဒါပဉ္စမအကြိမ်ပြင်ဆင်တာဖြစ်ပါတယ်။ ဒီပြင်ဆင်မှုကို လေ့လာကြည့်တဲ့အခါမှာ တရုတ် ပြည်သူ့သမ္မတနိုင်ငံသမ္မတကြီး မစ္စတာရှီကျင့်ဖိန်ရဲ့အတွေးအခေါ် အခုနက ကျွန်တော် တင်ပြခဲ့တဲ့ တရုတ်နိုင်ငံရဲ့ဝိသေသလက္ခဏာနှင့်ပြည့်စုံတဲ့ ဆိုရှယ်လစ်စနစ်ထူထောင်မယ် ဆိုတဲ့အတွေးအခေါ်ကို ဒီဖွဲ့စည်းပုံအခြေခံဥပဒေထဲမှာ သွတ်သွင်းတာကိုတွေ့ရပါတယ်။ အဲဒါတင်မကပဲနဲ့ တရုတ်နိုင်ငံခေါင်းဆောင်မှုကလည်းပဲ ဒီဆိုရှယ်လစ်စနစ်ထူထောင်မှုနေ ရာမှာအဓိကအဓိပ္ပါယ်ရှိတဲ့အခန်းကဏ္ဍကနေ ပါဝင်နေမယ်ဆိုတာကို ထည့်သွင်းခဲ့တယ်။ နောက်တစ်ခါ တရုတ်ပြည်သူ့သမ္မတနိုင်ငံဆိုရှယ်လစ်စနစ်ရဲ့တန်ဖိုးတွေကို အဲဒီမှာထည့် သွင်းခဲ့တယ်။ တရုတ်နိုင်ငံပေါ်မှာလည်းသစ္စာစောင့်သိမယ်ဆိုတဲ့ ကတိပြုချက်ကိုလည်း ထည့်သွင်းခဲ့တယ်။ တရုတ်သမ္မတနှင့်ဒုတိယသမ္မတရဲ့ မူလကန့်သတ်ထားတဲ့(၅)နှစ်သက် တမ်းပယ်ဖျက်တာကိုလည်းတွေ့ခဲ့ပါတယ်။ အဲလိုဖွဲ့စည်းပုံပြင်တာတွေကိုကြည့်ခြင်းအား ဖြင့် တရုတ်နိုင်ငံဟာ တရုတ်ကွန်မြူနစ်ပါတီ ဗဟိုကော်မတီ အထွေထွေအတွင်းရေးမှူးခေါင်းဆောင်မှု ခိုင် ခိုင်မာမာအောက်မှာ ဆိုရှယ်လစ်စနစ်ကို မရိုင်းမယိုင်ဘဲ ဆက်လက်ချီတက်သွားမယ်။ လာ မယ့်ရာစုနှစ်နှစ်ခုမှာပြည့်ဝဖို့ မျှော်မှန်းထားတဲ့အောင်မြင်မှုတွေကို ခေါင်းဆောင်မှုတည် တည်ငြိမ်ငြိမ်နဲ့အောင်မြင်အောင် လျှောက်လှမ်းသွားမယ်ဆိုတဲ့ အဓိပ္ပါယ်ကိုဖော်ဆောင်ပါ တယ်။

မေး>> ဟုတ်ကဲ့ပါ။ စောနက သံအမတ်ကြီးကလည်း Belt & Roadနဲ့ပတ်သက်ပြီး သုံးသပ် ခဲ့တယ်။ ဒါ့အပြင် တရုတ်ဥက္ကဌရှီကျင့်ဖိန်က လူသားကံကြမ္မာအသိုက်အ၀န်းကိုလည်း အဆိုပြုချက်တင်ပြခဲ့ပါတယ်။ဒါနဲ့ပတ်သက်ပြီးသံအမတ်ကြီးအနေနဲ့ဘယ်လိုသုံးသပ်မလဲ။

သံအမတ်ကြီး>> ဟုတ်ကဲ့။ ကျွန်တော်တို့မျက်မှောက်ခေတ်မှာ တစ်နိုင်ငံတည်း၊ ဒေသ တစ်ခုတည်း၊ တစ်ဦးတစ်ယောက်တည်း ရပ်တည်နေလို့ရတဲ့ အခြေအနေမရှိတော့ပါဘူး။ နောက်တစ်ခါ ပြောင်းလဲလာတဲ့ ကမ္ဘာကြီးမှာ ကောင်းတဲ့ကိစ္စတွေရော ဆိုးတဲ့ကိစ္စတွေရော ကျွန်တော်တို့ဒီကမ္ဘာပေါ်မှာနေထိုင်တဲ့လူသားအားလုံးက ကျွန်တော်တို့ ညီတူမျှတူခံစား ကြရမယ့်သဘောရှိပါတယ်။ အဲတော့ လာမယ့်အနာဂတ်ကာလမှာ ကောင်းမွန်တဲ့အကျိုးရ လဒ်တွေကို လူထုလူတန်းစား ကမ္ဘာပေါ်မှာရှိတဲ့ လူ့အသိုက်အ၀န်းကြီးတစ်ခုလုံး ကံကြမ္မာ အတူတူခံစားခွင့်ရအောင် ကောင်းမွန်တဲ့အကျိုးရလဒ်တွေ ခံစားခွင့်ရအောင် ကျွန်တော်တို့ ၀ိုင်းဝန်းပူးပေါင်းပြီးတော့ အကောင်အထည်ဖော်မယ်ဆိုတဲ့အဓိပ္ပါယ်ဖြစ်ပါတယ်။ အဲလို ၀ိုင်း ၀န်းပူးပေါင်းအကောင်အထည်ဖော်တဲ့အခါမှာ တစ်ယောက်ရဲ့အခက်အခဲကို တစ်ယောက် က သိမြင်နားလည်မယ်။ နားလည်မှုပေးမယ်။ ခံစားမှုပေးမယ်။ ဆင်းရဲမှုရှိတဲ့ အားနည်းနေ တဲ့ နောက်ကျနေတဲ့သူတွေကိုလည်း ဖေးမကူညီမယ်ဆိုတဲ့ ရည်ရွယ်ချက်၊ တစ်နိုင်ငံတည်း ချမ်းသာတာမျိုးမဟုတ်ဘဲနဲ့ဒေသတစ်ခုလုံး တစ်ကမ္ဘာလုံးအတူချမ်းသာလာအောင်ဆိုတဲ့ ရည်ရွယ်ချက်နဲ့ ဒီဥစ္စာက အကောင်အထည်ဖော်တာဖြစ်ပါတယ်။

မေး>> ဒါဆို ခေတ်သစ်မှာ တရုတ်-မြန်မာဆက်ဆံရေးနှင့်ပတ်သက်ပြီး သံအမတ်ကြီး အနေနဲ့ ဘယ်လိုသုံးသပ်မလဲရှင်။

သံအမတ်ကြီး>> ဟုတ်ကဲ့။ ကျွန်တော်တို့ခေတ်သစ်တရုတ်-မြန်မာဆက်ဆံရေးဆိုတဲ့အခါ မှာဆွေမျိုးပေါက်ဖော်ချစ်ကြည်ရေးကိုမေ့လို့မရပါဘူး။ ဒါကိုအတိတ်မှာထားခဲ့လို့မရပါဘူး။ ဒီဆွေမျိုးပေါက်ဖော်ချစ်ကြည်ရေးက ကျွန်တော်တို့နှစ်နိုင်ငံ အိမ်နီးချင်းကောင်း၊ မိတ်ဆွေ ကောင်း၊ မိတ်ဖက်ကောင်း နိုင်ငံနှစ်နိုင်ငံအတွက် အဓိကကျတဲ့ချစ်ကြည်ရေးတစ်ခုဖြစ်ပါ တယ်။ အခုမျက်မှောက်အခြေအနေမှာ ကျွန်တော်တို့ ဒီဆွေမျိုးပေါက်ဖော်ချစ်ကြည်ရေး တင်မကပဲနဲ့မဟာဗျူဟာမြောက်ပူးပေါင်းဆောင်ရွက်ရေးမိတ်ဖက်နိုင်ငံများအဆင့်ကို တက် လှမ်းခဲ့ပြီးဖြစ်ပါတယ်။ ဒီဥစ္စာကို ကျွန်တော်တို့ ဆက်လက်ပြီးတော့ ခိုင်ခိုင်မာမာလျှောက် လှမ်းသွားရမှာဖြစ်ပါတယ်။နှစ်နိုင်ငံမှာအိမ်နီးချင်းနိုင်ငံဖြစ်တယ်။ တောတောင်ရေမြေတွေဆက် စပ်နေတယ်။ အစဉ်အဆက်မှာ နှစ်နိုင်ငံဆက်ဆံရေးဟာနားလည်မှုရှိရှိနဲ့ မိတ်မပျက်အိမ်နီး

ချင်းကောင်းဆက်ဆံရေးကိုထိန်းသိမ်းခဲ့တယ်။ ငြိမ်းချမ်းစွာအတူယှဉ်တွဲနေထိုင်ရေး မူကြီး (၅)ချက်ကို ဆက်လက်ပြီးတော့ထိန်းသိမ်းခဲ့တယ်။ ဒီဥစ္စာဟာ မျက်မှောက်ခေတ် တရုတ်- မြန်မာဆက်ဆံရေးမှာ  အဓိကကျတဲ့ အခန်းကဏ္ဍကနေ  ဆက်ပြီးတော့ တည်ရှိမယ်လို့

ကျွန်တော်မျှော်လင့်ပါတယ်။

မေး>> ဟုတ်ကဲ့ပါရှင်။ တတိယအကြိမ် ပင်လုံညီလာခံကလည်း မကြာခင်မှာကျင်းပတော့ မှာဖြစ်ပါတယ်။ မြန်မာနိုင်ငံရဲ့အမျိုးသားပြန်လည်သင့်မြတ်ရေးမှာ တရုတ်ပြည်ရဲ့အကြိုစွမ်း ဆောင်မှုကို သံအမတ်ကြီးက ဘယ်လိုသုံးသပ်မလဲ။

သံအမတ်ကြီး>> ဟုတ်ကဲ့။ ကျွန်တော်တို့နိုင်ငံဟာ လက်ရှိအစိုးရလက်ထက်မှာရော အရင်အစိုးရအဆက်ဆက်လက်ထက်မှာရော ထာဝရငြိမ်းချမ်းရေးရရှိဖို့ တစ်မျိုးသားလုံး ပြန်လည်သင့်မြတ်ဖို့ ကျွန်တော်တို့ ကြိုးပမ်းဆောင်ရွက်နေတာဖြစ်ပါတယ်။ အခုချိန်မှာ အိမ်နီးချင်းမိတ်ဆွေအင်အားကြီးနိုင်ငံဖြစ်တဲ့ တရုတ်နိုင်ငံအနေနဲ့အပြုသဘောနဲ့ ၀ိုင်းဝန်း ပြီးကူညီနေတာကို အသိအမှတ်ပြုပါတယ်။ ကျွန်တော်တို့ ထာဝရငြိမ်းချမ်းရေးရဖို့ တစ်မျိုး သားလုံးပြန်လည်သင့်မြတ်ရေးအတွက် ကောင်းမွန်တဲ့ အကြံဥာဏ်ပေးချက်တွေကို ကျွန်တော်တို့လက်ခံရရှိပါတယ်။ အဲဒါတွေကို ကျွန်တော်တို့ထည့်သွင်းစဉ်းစားပြီးတော့ ထာဝရငြိမ်းချမ်းရေးနှင့်တစ်မျိုးသားလုံးပြန်လည်သင့်မြတ်ရေးကို ကျွန်တော်တို့ ဦးတည်ပြီး တော့လျှောက်လှမ်းနေပါတယ်။ အဲဒီအတွက်ကြောင့် ကျွန်တော်တို့လည်းပဲ အိမ်နီးချင်းကောင်း မိတ်ဆွေကောင်း အနေနဲ့ အတတ်နိုင်ဆုံး ကောင်းတဲ့အခြေအနေ ရောက်အောင် ကြိုးပမ်းနေတဲ့အခါမှာ တရုတ် နိုင်ငံရဲ့ကူညီမှုကို ကျွန်တော်တို့ အများကြီးတန်ဖိုးထားပါတယ်။ ကျွန်တော်တို့အနေနဲ့ ထာဝရငြိမ်းချမ်းရေးရဖို့ တစ်မျိုးသားလုံးပြန်လည်သင့်မြတ်ဖို့အတွက်လုပ်နေတယ်။ အဲဒီ အခါမှာ စေ့စပ်ညှိနှိုင်းဆွေးနွေးတာကို ကျွန်တော်တို့ဦးတည်ပြီးတော့သွားပါတယ်။ အဲဒါကို ကျွန်တော်တို့လက်ခံထားပါတယ်။ အဲဒီတော့စေ့စပ်ညှိနှိုင်းဆွေးနွေးမှုကနေတစ်ဆင့် မျှော် မှန်းထားတဲ့ အနာဂတ်ဒီမိုကရေစီဖက်ဒရယ်နိုင်ငံကို လျှောက်လှမ်းမှာဖြစ်ပါတယ်။ အဲဒီလို လျှောက်လှမ်းဖို့အတွက် ကျွန်တော်တို့ ဆောင်ရွက်ရမယ့်ကြားအစိတ်အပိုင်းလေးတစ်ခု ဖြစ်တဲ့တစ်နိုင်ငံလုံးအပစ်အခတ်ရပ်စဲရေးဆိုတာလည်းပဲ ကျွန်တော်တို့ ကြိုးပမ်းဆောင်ရွက် နေတယ်။ အောင်မြင်မှုတွေလည်းရနေပါတယ်။ တတိယအကြိမ်ပင်လုံညီလာခံကိုလည်း မကြာခင်မှာကျင်းပဖို့အတွက် ပြင်ဆင်နေပါတယ်။ အဲဒီပင်လုံညီလာခံမှာ ကျွန်တော့်ရဲ့ မျှော်မှန်းချက်ကတော့ တစ်နိုင်ငံလုံးလက်မှတ်ရေးထိုးမယ့် ပြည်ထောင်စုသဘောတူညီ ချက်ရဲ့အစိတ်အပိုင်းတစ်ခု ထပ်ပြီးတော့ ဒီတတိယအကြိမ်ပင်လုံညီလာခံကနေ ရရှိမယ် လို့ မျှော်လင့်ပါတယ်။ နဂိုက(၃၇)ချက်ရရှိပြီးဖြစ်ပါတယ်။ အခု တတိယအကြိမ်ပင်လုံ ညီလာခံမှာ နောက်ထပ်ပြည်ထောင်စုသဘောတူညီချက်စာချုပ်ရဲ့ အစိတ်အပိုင်းအနေနဲ့ ထပ်ပြီးတော့ မြန်မာနိုင်ငံကတိုင်းရင်းသားလက်နက်ကိုင်အဖွဲ့အစည်းတွေအားလုံး၊ အစိုးရ၊ လွှတ်တော်၊ ပါတီအသီးသီးက သဘောတူညီတဲ့အစိတ်အပိုင်းတွေ ထပ်ပြီးတော့ တင်သွင်း ခွင့်ရမယ်လို့ ကျွန်တော်မျှော်မှန်းထားပါတယ်။

မေး>> ဟုတ်ကဲ့ပါ။ (၁၃)ကြိမ်မြောက် တရုတ်ပြည်လုံးဆိုင်ရာပြည်သူ့ကွန်ဂရက်နှင့် ပြည်သူ့နိုင်ငံရေးအတိုင်ပင်ကွန်ဖရင့်အစည်းအဝေးတွေ အောင်မြင်စွာကျင်းပပြီးစီးခြင်းနှင့် ပတ်သက်ပြီး သံအမတ်ကြီးက ဘယ်လိုမြင်သလဲ။

သံအမတ်ကြီး>> ဟုတ်ကဲ့။ ကျွန်တော်တို့ ဒီနှစ်ကျင်းပခဲ့တဲ့ ပြည်သူ့ကွန်ဂရက်၊ ပြည်သူ့ နိုင်ငံရေးကွန်ဖရင့်အစည်းအဝေးတွေဟာ အင်မတန်မှ တရုတ်ပြည်သူ့သမ္မတနိုင်ငံအတွက် အရေးကြီးတဲ့အစည်းအဝေးတွေဖြစ်ပါတယ်။ဒီအစည်းအဝေးတွေကနေမှ ခေါင်းဆောင်သစ် တွေကိုမွေးထုတ်ခဲ့ပါတယ်။ သမ္မတကြီးရှီကျင့်ဖိန်ဟာလည်း ဆက်ပြီးတော့မှ နိုင်ငံတော် သမ္မတတာဝန်ကို ထမ်းဆောင်ဦးမှာဖြစ်ပါတယ်။ အဲဒီအတွက်ကြောင့် ကျွန်တော်တို့လို အိမ်နီးချင်းနိုင်ငံနှင့်နှစ်နိုင်ငံရှိရင်းစွဲချစ်ကြည်ရေးတွေ၊ ပူးပေါင်းဆောင်ရွက်ရေးလုပ်ငန်းတွေ မှာတစ်တပ်တစ်အားအကူအညီတွေဆက်လက်ရဦးမယ်။ကျွန်တော်တို့အပေါ်မှာ နားလည် မှုရှိရှိနဲ့လိုအပ်တဲ့ အပြုသဘောဆောင်တဲ့ အကူအညီတွေဆက်ပေးဦးမယ်လို့ ကျွန်တော် မျှော်မှန်းပါတယ်။ ကျွန်တော့်လိုပဲ တစ်ခြားအိမ်နီးချင်းနိုင်ငံတွေလည်းပဲ အလားတူခံစားမိ မယ်လို့ထင်ပါတယ်။

မေး>> ဟုတ်ကဲ့ပါ။ အခုလို CRI ကမေးမြန်းသမျှကို စိတ်ရှည်လက်ရှည်ဖြေကြားပေးခဲ့တဲ့ တရုတ်နိုင်ငံဆိုင်ရာ မြန်မာသံအမတ်ကြီး ဦးသစ်လင်းအုန်းကို အထူးကျေးဇူးတင်ပါတယ် ရှင်။

သံအမတ်ကြီး>> ဟုတ်ကဲ့။ ကျွန်တော်ကလည်း CRIကို ကျေးဇူးတင်ပါတယ်။

   Webradio