• ဆက်သွယ်ရန်•  မြန်မာဘာသာဌာနအကြောင်း
   

ပျုံချန်း-ဆောင်းရာသီ အိုလံပစ် အားကစားပွဲတော် short track speed skatingပြိုင်ပွဲတွင် တရုတ် ရွှေတံဆိပ်ဆု ရရှိ

(GMT+08:00) 2018-02-23 15:31:28

ယခုလ ၂၂ရက်နေ့က ကျင်းပခဲ့သော ပျုံချန်း-ဆောင်းရာသီ အိုလံပစ် အားကစား ပွဲတော် အမျိုးသား မီတာ ၅၀၀ ရေခဲပြင် တာတို စကိတ်စီး(short track speed skating)ပြိုင်ပွဲ နောက်ဆုံးဗိုလ်လုပွဲတွင် တရုတ် လက်ရွေးစင် ဝူတာ့ကျင့်သည် ၃၉့၅၈၄စက္ကန့်ဖြင့် ကမ္ဘာ့ စံချိန်သစ်တင်ပြီး ရွှေတံဆိပ်ဆု ဆွတ်ခူးရရှိခဲ့ကြောင်း စီအာအိုင် သတင်းအရ သိရသည်။

ယင်းသည် ယခုအကြိမ် ပျုံချန်း-ဆောင်းရာသီ အိုလံပစ် အားကစားပွဲတော်တွင် တရုတ် အားကစား ကိုယ်စားလှယ်အဖွဲ့ ရရှိသော ပထမဆုံး ရွှေတံဆိပ်ဆု ဖြစ်ကြောင်း သိရသည်။

 

   Webradio