• ဆက်သွယ်ရန်•  မြန်မာဘာသာဌာနအကြောင်း
   

တရုတ်-ကမ္ဘောဒီးယားချစ်ကြည်ရေးတွန်းအားပေးသူ မင်းသမီးအာရမ်သည် အထက် လွှတ်တော် အမတ်ဖြစ်

(GMT+08:00) 2018-02-23 15:26:07

ယခုလ၂၂ရက်နေ့က ကမ္ဘောဒီးယားမင်းကြီး စီဟာမိုနီ လက်မှတ်ရေးထိုး ထုတ်ပြန်ပေးသည့် ခန့်အပ်လွှာတွင် မင်းသမီးနိုရိုဒွန် . အာရမ်ရာစီမေကို ကမ္ဘောဒီးယား စတုတ္ထအကြိမ် အထက်လွှတ်တော် အမတ်အဖြစ် ခန့်အပ်ကြောင်း တရုတ်သတင်းဌာနမှ သတင်းအရ သိရပါသည်။

မင်းသမီးအာရမ်သည် ကွယ်လွန်သွားရှာသည့် ကမ္ဘောဒီးယား ဖခမည်းတော်ကြီး သီဟာနု၏ သမီးငယ်ဖြစ်၍ ကမ္ဘောဒီးယား-တရုတ်မိတ်ဆွေဖြစ် ပူးပေါင်းဆောင်ရွက်မှုကို အဆက်မပြတ် စွဲကိုင်ထားကြောင်း၊ နှစ်နိုင်ငံ ချစ်ကြည်ရေး၏ မျက်မြင်ကိုယ်တွေ့သိရှိသူနှင့် တွန်းအားပေးသူဖြစ်ကြောင်း သိရပါသည်။

   Webradio