• ဆက်သွယ်ရန်•  မြန်မာဘာသာဌာနအကြောင်း
   

ဖိလစ်ပိုင်သမ္မတကို ဒေသတွင်း ခြိမ်းခြောက်မှုအဖြစ် ကန်နိုင်ငံ ထောက်လှမ်းရေးဌာနမှ သဘောထားခြင်းကို ဖိလစ်ပိုင် ဝေဖန်ချေပ

(GMT+08:00) 2018-02-22 17:17:27

        ဖိလစ်ပိုင်သမ္မတ ဒူတာတယ်သည် ဒေသတွင်း ဒီမိုဂရေစီလုပ်ငန်းအတွက် ခြိမ်းခြောက်မှု ဖြစ်သည်ဟု အမေရိကန် ထောက်လှန်းရေးဌာန၏ ပြောဆိုချက်အပေါ် ဖိလစ်ပိုင် သမ္မတ၏ ပြောရေးဆိုခွင့်ရှိသူ ဟာရီ-ရော့ဂ်က ယခုလ ၂၁ ရက်နေ့က ဝေဖန်ပြီး ယင်း ပြောဆိုချက်သည် အမျှော်အမြင် မရှိဘဲ သက်သေလည်း မရှိကြောင်း ချေပခဲ့သည်ဟု ဆင်ဟွာသတင်းအရ သိရပါသည်။

        မကြာခင်ရက်များက အမေရိကန် နိုင်ငံတော် ထောက်လှမ်းရေး ဒါရိုက်တာရုံးသည် ကမ္ဘာ့တစ်ဝှမ်း ခြိမ်းခြောက်မှု အကဲဖြတ် အစီရင်ခံစာကို ထုတ်ပြန်ခဲ့ရာ ဖိလစ်ပိုင်နိုင်ငံကို အရှေ့တောင်အာရှဒေသ သက်ဦးဆံပိုင်စံနစ်ကျင့်သုံးခြင်း တိုးပွားလာပြီး ဒီမိုဂရေစီနှင့် လူ့အခွင့်အရေး အခြေအနေ အားနည်းသည့် နိုင်ငံများ အမည်စာရင်းတွင် ထည့်သွင်းပြီး ဒူတာတယ်ကို ဒေသတွင်း ဒီမိုဂရေစီလုပ်ငန်းအတွက် ခြိမ်းခြောက်မှုနှင့် အတားအဆီး ဖြစ်သည်ဟု ဖော်ပြကြောင်း သိရပါသည်။

   Webradio