• ဆက်သွယ်ရန်•  မြန်မာဘာသာဌာနအကြောင်း
   

မြောက်ကိုးရီးယား အဆင့်မြင့် ကိုယ်စားလှယ်အဖွဲ့သည် ပျုံချန်း ဆောင်းရာသီ အိုလံပစ် အားကစားပွဲတော် ပိတ်ပွဲ အခမ်းအနားသို့ တက်ရောက်မည်

(GMT+08:00) 2018-02-22 17:17:03

        ယခုလ ၂၅ ရက်နေ့တွင် မြောက်ကိုးရီးယား အလုပ်သမားပါတီ ဗဟိုကော်မတီ ဒုဥက္ကဋ္ဌ ကီမ်ယုံကျယ် ဦးဆောင်သော အဆင့်မြင့်ကိုယ်စားလှယ်အဖွဲ့သည် တောင်ကိုးရီးယားနိုင်ငံ ခရီးလှည့်လည်ပြီး ပျုံချန်း ဆောင်းရာသီ အိုလံပစ် အားကစားပွဲတော် ပိတ်ပွဲ အခမ်းအနားသို့ တက်ရောက်မည်ဖြစ်ကြောင်း တောင်ကိုးရီးယားနိုင်ငံ ပေါင်းစည်းညီညွတ်ရေး ဝန်ကြီးဌာနက ယခုလ ၂၂ ရက်နေ့က ပြောကြားခဲ့သည်ဟု ဆင်ဟွာသတင်းအရ သိရပါသည်။

        တောင်ကိုးရီးယားနိုင်ငံ ပေါင်းစည်းညီညွတ်ရေး ဝန်ကြီးဌာနက မြောက်ကိုးရီးယားနိုင်ငံ အဆင့်မြင့် ကိုယ်စားလှယ်အဖွဲ့၏ ပျုံချန်း ဆောင်းရာသီ အိုလံပစ် အားကစားပွဲတော် ပိတ်ပွဲ အခမ်းအနားသို့ တက်ရောက်ခြင်းသည် တောင်-မြောက် ကိုးရီးယား ဆက်ဆံမှု ကောင်းမွန်စေရေးနှင့် ကိုးရီးယားကျွန်းဆွယ် နျူကလီးယားကင်းမဲ့စေရေး စသည့် ငြိမ်းချမ်းရေးဖြစ်စဉ်တို့ကို အကျိုးပြု စွမ်းဆောင်မည်ဖြစ်ကြောင်း၊  ထို့ကြောင့် တောင်ကိုးရီးယားဘက်သည် မြောက်ကိုးရီးယား ကိုယ်စားလှယ်အဖွဲ့၏ တောင်ကိုးရီးယား ခရီးစဉ်ကို လက်ခံကြောင်း ပြောကြားသည်။

   Webradio