• ဆက်သွယ်ရန်•  မြန်မာဘာသာဌာနအကြောင်း
   

ဆီးရီးယား အကျပ်အတည်း ဆက်လက်တည်ရှိ

(GMT+08:00) 2018-02-22 15:32:43

၇နှစ်ကြာ တည်ရှိခဲ့သော ဆီးရီးယား အကျပ်အတည်းသည် လျော့ပါးလာသည့် အရိပ်လက္ခဏာမျိုးကို ယခုအထိ မတွေ့ရှိကြောင်း၊ ဆီးရီးယား တောင်ပိုင်း ဒါမတ်စကတ် မြို့တော်၏ အရှေ့ဆင်ခြေဖုံးဒေသတွင် အစိုးရ တပ်မတော်နှင့် အစိုးရ ဆန့်ကျင်ရေး လက်နက်ကိုင်တို့သည် ပြင်းထန်စွာ တိုက်ခိုက်နေကြောင်း၊ မြောက်ပိုင်း အာဖ်လင်-ဒေသ တွင် ကာ့ဒ်လူမျိုး လက်နက်ကိုင် အပေါ် တူရကီသည် တိုက်ဖျက်ရေး စစ်ရေး ဆောင်ရွက်မှုကို တစ်လကြာ ပြုလုပ်ခဲ့ကြောင်း၊ ဆီးရီးယား အစိုးရကို လိုလားသော ဆီးရီးယား လက်နက်ကိုင်အဖွဲ့ တစ်ဖွဲ့သည် တူရကီကို ခုခံရေး အတွက် ကာ့ဒ်လူမျိုးအား ကူညီပံ့ပိုးရန် အာဖ်လင်သို့ ဝင်ရောက်ခဲ့ကြောင်း ဆင်ဟွာ သတင်းအရ သိရသည်။

၂၀၁၁ခုနှစ် မတ်လက ဆီးရီးယား အကျပ်အတည်း ဖြစ်ပွားခဲ့သည့် နောက်ပိုင်းတွင် ဆီးရီးယား အစိုးရနှင့် အစိုးရ ဆန့်ကျင်ရေး လက်နက်ကိုင်အဖွဲ့ အကြား ဆွေးနွေးပွဲ အကြိမ်ပေါင်းများစွာ ပြုလုပ်ခဲ့သော်လည်း နှစ်ဖက် အကြား ကြီးမားသော သဘောထား ရပ်တည်ချက် ဆိုင်ရာ ကွဲလွဲမှု ရှိသောကြောင့် ယခုအထိ သဘောတူညီမှု မရရှိနိုင်သေး ကြောင်း သိရသည်။

   Webradio