• ဆက်သွယ်ရန်•  မြန်မာဘာသာဌာနအကြောင်း
   

ရှီကျင့်ဖိန်သည် စီချွမ်းပြည်နယ် ကျေးလက်ဒေသတွင် လေ့လာကြည့်ရှု

(GMT+08:00) 2018-02-13 14:56:16

တရုတ် ကွန်မြူနစ်ပါတီ ဗဟိုကော်မတီ အထွေထွေ အတွင်းရေးမှူး၊ နိုင်ငံတော် ဥက္ကဋ္ဌ၊ ဗဟိုစစ်ရေး ကော်မရှင် ဥက္ကဋ္ဌ ရှီကျင့်ဖိန်သည် ယခုလ ၁၂ရက်နေ့က စီချွမ်းပြည်နယ်တွင် ဆက်လက် လေ့လာကြည့်ရှုခဲ့ကြောင်း စီအာအိုင် သတင်းအရ သိရသည်။

၁၂ရက်နေ့ နံနက်ပိုင်းက ရှီကျင့်ဖိန်သည် ၂၀၀၈ခုနှစ် မေလ ၁၂ရက်နေ့က ဝင့်ချွမ်း ငလျင်လှုပ်ခတ်မှုကြီး၏ ဗဟိုချက်ဒေသ ဖြစ်သည့် ယင့်ရှို့မြို့နယ်သို့ သွားရောက်ပြီး ငလျင်လှုပ်ခတ်မှု အပြီး ဆယ်နှစ် အတွင်း ပြန်လည်ထူထောင်မှုနှင့် ဖွံ့ဖြိုးတိုးတက်မှု အခြေအနေကို ကွင်းဆင်းလေ့လာကြည့်ရှုခဲ့ကြောင်း၊ ထို့အပြင်၊ ရှီကျင့်ဖိန်သည်  "တရုတ် ပြည်ယဉ်ကျေးမှု စံနမူနာ ပြသမှု ကျေးရွာ"ဆု ရရှိသည့် ချင်တူးမြို့ ပီဒူ-မြို့နယ်ခွဲ ကျန့်ချီ-ရွာတွင် လေ့လာကြည့်ရှုပြီး ကျန့်ချီ-ရွာ ရရှိခဲ့သော ဖွံ့ဖြိုးတိုးတက်ရေး အောင်မြင်မှု များကို အတည်ပြုခဲ့သည့်အပြင်၊ ဝမ်းဝခါးလှဖြစ်ရေးနှင့် ဘက်စုံ အတော်အတန် ချမ်းသာ သည့်လူ့ဘောင်အဖွဲ့အစည်း အကောင်အထည်ဖော်ပြီးလျှင် ကျေးလက်ဒေသ ဖွံ့ဖြိုး တိုးတက်ရေးကိုလည်း ဆက်လက် ကြိုးပမ်းဆောင်ရွက်ရန် လိုကြောင်း ပြောကြားသည်။

ကျန့်ချီ-ရွာသည် "တရုတ် ပြည် ယဉ်ကျေးမှု စံနမူနာ ပြသမှု ကျေးရွာ"ဆု၊ "ကျေးရွာ သစ်တည်ဆောက်ရေး စံနမူနာ ပြသမှု ကျေးရွာ"ဆုနှင့် "စုပေါင်းစီးပွားရေး အခြေအနေ ကောင်းမွန်သည့် ဆယ်ရွာ"ဆု ရရှိကြောင်း၊ ၂၀၁၇ခုနှစ်တွင် ကျန့်ချီ-ရွာ၏ စုပေါင်း စီးပွားရေး ဝင်ငွေမှာ ယွမ်ငွေ ၄သန်း၆သိန်း၂သောင်းရှိပြီး ရွာသူရွာသားများ၏ လူတစ်ဦးချင်း ပျမ်းမျှ ဝင်ငွေမှာ ယွမ်ငွေ ၂သောင်း၆ထောင်ကျော် ရှိကြောင်း သိရသည်။

ရှီကျင့်ဖိန်က ကျန့်ချီ-ရွာတွင် လေ့လာကြည့်ရှုရာ၌ တစ်ဖက်က စည်ပင်သာယာသည့် မြို့ပြများရှိပြီး နောက်တစ်ဖက်ကတော့ ခေတ်နောက်ကျသည့် ကျေးရွာများ ရှိသည့် အခြေအနေမျိုး မဖြစ်သင့်ကြောင်း၊ ကျေးလက်ဒေသ ဖွံ့ဖြိုးတိုးတက်ရေးသည် လုပ်ငန်း ဖွံ့ဖြိုးတိုးတက်ရေးနှင့် ရုပ်ပိုင်းဆိုင်ရာ ယဉ်ကျေးမှုသာ မကဘဲ စိတ်ပိုင်းဆိုင်ရာ ယဉ်ကျေးမှု ဖွံ့ဖြိုးတိုးတက်ရန်လည်း ကြိုးပမ်းဆောင်ရွက်သင့်ကြောင်း ပြောကြားသည်။

   Webradio