• ဆက်သွယ်ရန်•  မြန်မာဘာသာဌာနအကြောင်း
   

ပျုံချန်း-ဆောင်းရာသီ အိုလံပစ် အားကစားပွဲတော်သည် ကိုးရီးယား ကျွန်းဆွယ် ပြဿနာ ဖြေရှင်းရေး အတွက် မျှော်လင့်ချက်ရောင်ခြည် သန်းလာပြီဖြစ်

(GMT+08:00) 2018-02-12 16:14:23

မြောက်ကိုးရီးယား အဆင့်မြင့် ကိုယ်စားလှယ်အဖွဲ့သည် ပျုံချန်း-ဆောင်းရာသီ အိုလံပစ် အားကစားပွဲတော် ဖွင့်ပွဲ အခမ်းအနားသို့ တက်ရောက်ပြီး တောင်ကိုးရီးယား သမ္မတ မွန်ဂျေအင်နှင့် တွေ့ဆုံနှုတ်ဆက်ကာ မွန်ဂျေအင်ထံသို့ တောင်မြောက်ကိုးရီးယား ဆက်ဆံမှု ကောင်းမွန်စေရေးနှင့် ပတ်သက်၍ မြောက်ကိုးရီးယား ထိပ်သီးခေါင်းဆောင် ကင်ဂျုံအန်းမှ ကိုယ်တိုင်ရေးသားသော စာကို တစ်ဆင့်ပေးအပ်ပြီး ယခုလ ၁၁ရက်နေ့က တောင်ကိုးရီးယားတွင် ၃ရက်ကြာ ခရီးစဉ် ပြီးဆုံးခဲ့ကြောင်း ဆင်ဟွာ သတင်းအရ သိရသည်။

ယခုအကြိမ် တောင်မြောက်ကိုးရီးယား အဆင့်မြင့် ကူးလူးဖလှယ်မှုတွင် အောင်မြင်မှု များစွာ ရရှိခြင်းသည် နှစ်ဖက်တို့မှ ပြင်းပြသော အမျိုးသား ကျေအေးရေးနှင့် ပြန်လည် သင့်မြတ်ရေး ဆန္ဒကို ပြသနေပြီး နိုင်ငံတကာမှ ကျယ်ပြန့်သော ကြိုဆိုခြင်း ရရှိကာ လာမည့် အဆင့်ကာလတွင် ကိုးရီးယားကျွန်းဆွယ် အခြေအနေ တင်းမာမှု လျှော့ပါးစေရေးနှင့် ပြန်လည်သင့်မြတ်ရေးကို ဆက်လက် တွန်းအားပေးခြင်းအတွက် မျှော်လင့်ချက်ရောင်ခြည် သန်းလာပြီ ဖြစ်ကြောင်း ဆင်ဟွာ သတင်းဌာနက ရေးသားဖော်ပြသည်။

 

   Webradio