• ဆက်သွယ်ရန်•  မြန်မာဘာသာဌာနအကြောင်း
   

ရုရှား ခ​ရီး​သည်​တင်​လေ​ယာဉ်တစ်စင်းပျက်ကျ၍ ခရီးသည်နှင့်လေ​ယာဉ်ဝန်ထမ်းများ အားလုံးသေဆုံး

(GMT+08:00) 2018-02-12 13:57:41
ရုရှားနိုင်ငံ အရေးပေါ်အခြေအနေ၀န်ကြီးဌါနက ယခုလ ၁၁ရက်နေက မော်စကိုမြို့၌ ပျက်ကျခဲ့သော ခရီးသည်တင်လေယာဉ်တစ်စင်းမှ ခရီးသည်နှင့် လေယာဉ်ဝန်ထမ်း အားလုံး အသက်ဆုံးရှုံးခဲ့ရကြောင်း ထိုနေ့ က ပြောကြားသည်။

ပျက်ကျသော ခရီးသည်တင်လေယာဉ်ပေါ်တွင် လေယာဉ်ဝန်ထမ်း ၆ ဦး၊ ကလေး၃ဦး ပါဝင်ကာ စုစုပေါင်း ခရီးသည် ၆၅ဦးပါရှိကြောင်း၊ လေယာဉ်သည် ဒေသစံတော်ချိန် နေ့ လည်၂နာရီ ၂၁မိနစ်တွင် စတင်ပျံသန်းပြီး ၅မိနစ်အကြာ၌ လေယာဉ် လျင်မြန်စွာကျဆင်းကာ ၂ နာရီ ၂၈ မိနစ်တွင် မြေပြင် ရေဒါပုံဖော်ကားချပ်ပေါ်၌ပျောက်ဆုံး သွားကြောင်း သတင်းအရ သိရပါသည်။

   Webradio