• ဆက်သွယ်ရန်•  မြန်မာဘာသာဌာနအကြောင်း
   

တရုတ် နိုင်ငံတော် ကောင်စီဝင် ယန်ကျယ်ချီ အမေရိကန်တွင် ခရီးလှည့်လည်

(GMT+08:00) 2018-02-11 15:39:39

တရုတ် နိုင်ငံတော် ကောင်စီဝင် ယန်ကျယ်ချီသည် ယခုလ ၈ရက်နေ့မှ ၉ရက်နေ့အထိ အမေရိကန်တွင် ခရီးလှည့်လည်ခဲ့ကြောင်း၊ ယင်းခရီးစဉ်အတွင် ယန်ကျယ်ချီသည် အမေရိကန် သမ္မတ ထရန့်နှင့် နိုင်ငံခြားရေး ဝန်ကြီး တီလာစွန်စသည်တို့နှင့် တွေ့ဆုံနှုတ်ဆက်ခဲ့ကြောင်း စီအာအိုင် သတင်းအရ သိရသည်။

တရုတ် နိုင်ငံခြားရေး ဝန်ကြီးဌာနမှ ပြောရေးဆိုခွင့်ရှိသူ လုခန်းက ယခုအကြိမ် ခရီးစဉ်သည် တရုတ်နှင့် အမေရိကန် နှစ်နိုင်ငံ ထိပ်သီးခေါင်းဆောင်တို့၏ ပီကင်းတွေ့ဆုံ ဆွေးနွေးပွဲ နောက်ပိုင်းတွင် ပထမ အကြိမ် နှစ်နိုင်ငံ အဆင့်မြင့် အရာရှိများ တွေ့ဆုံ နှုတ်ဆက်ခြင်း ဖြစ်ပြီး လာမည့် အဆင့်ကာလတွင် ပီကင်းတွေ့ဆုံဆွေးနွေးပွဲ၌ နှစ်နိုင်ငံ ထိပ်သီးခေါင်းဆောင်များမှ ရရှိခဲ့သော သဘောတူညီမှုနှင့် အောင်မြင်မှုများကို ကောင်းမွန်စွာ လက်တွေ့ဖော်ဆောင်ရေး၊ နယ်ပယ် အသီးသီးတွင် တရုတ်-အမေရိကန် ကူးလူးဖလှယ်မှုနှင့် ပူးပေါင်းဆောင်ရွက်မှုများကို စီစဉ်ပေးခြင်းနှင့် တွန်းအားပေးရေး အတွက် အကျိုးရှိမည် ဖြစ်ကြောင်း ယခုလ ၁၀ရက်နေ့က ဝါရှင်တန်မြို့တွင် ပြောကြားသည်။

   Webradio