• ဆက်သွယ်ရန်•  မြန်မာဘာသာဌာနအကြောင်း
   

ဗီယက်နမ်-တရုတ် ဆက်ဆံမှုနှင့် ပတ်သက်၍ ဗီယက်နမ် ကွန်မြူနစ်ပါတီ ဗဟိုကော်မတီ အထွေထွေ အတွင်းရေးမှူး ပြောကြား

(GMT+08:00) 2018-02-10 16:08:06

ဗီယက်နမ် ကွန်မြူနစ်ပါတီ ဗဟိုကော်မတီ အထွေထွေ အတွင်းရေးမှူး ငွင်ပူထရွန်က ဗီယက်နမ် အနေနှင့် တရုတ်ပြည်နှင့် အတူ နှစ်နိုင်ငံ ထိပ်သီးခေါင်းဆောင်များ ရရှိခဲ့သော သဘောတူညီမှုများကို ကောင်းမွန်စွာ လက်တွေ့ဖော်ဆောင်ပြီး နယ်ပယ် အသီးသီး၌ ကူးလူးဖလှယ်မှုနှင့် ပူးပေါင်းဆောင်ရွက်မှုများကို တိုးမြှင့်ကာ ခေတ်ကာလသစ်တွင် ဗီယက်နမ်-တရုတ် ဆက်ဆံမှု၌ ပိုမိုကြီးမားသော ဖွံ့ဖြိုးတိုးတက်မှုသစ် ရရှိရန် တွန်းအားပေးလိုကြောင်း ယခုလ ၈ရက်နေ့က ဟနွိုင်းမြို့တော်တွင် ပြောကြားသည်ဟု ဆင်ဟွာ သတင်းအရ သိရသည်။

   Webradio