• ဆက်သွယ်ရန်•  မြန်မာဘာသာဌာနအကြောင်း
   

တောင်ကိုးရီးယားသမ္မတသည် မြောက်ကိုးရီးယားအဆင့်မြင့်ကိုယ်စားလှယ်အဖွဲ့နှင့် တွေ့ဆုံမည်

(GMT+08:00) 2018-02-09 13:54:55

တောင်ကိုးရီးယားသမ္မတရုံးသည် ယခုလ ၈ရက်နေ့က ကြေညာချက်တစ်ရပ်ကို ထုတ်ပြန်ခဲ့ရာတွင်  တောင်ကိုးရီးသမ္မတမူဂျေအင်းသည် ယခုလ ၁၀ရက်နေ့တွင် တောင်ကိုးရီးယားနိုင်ငံတွင် ခရီးလှည့်လည်သည့် မြောက်ကိုးရီးယား အမြင့်ဆုံး ပြည်သူ့ကွန်ဂရက် အမြဲတမ်းကော်မတီ ဥက္ကဋ္ဌ ကင်ယုံနန် ဦးဆောင်သော အဆင့်မြင့်ကိုယ်စားလှယ်အဖွဲ့နှင့် တွေ့ဆုံပြီး ၄င်းတို့နှင့် နေ့လယ်စာကို အတူသုံးဆောင်ကြမည်ဖြစ်ကြောင်း ကြေညာခဲ့သည်ဟု ဆင်ဟွာသတင်းအရသိရပါသည်။

သက်ဆိုင်ရာသတင်းအရ ကင်ယုံနန်နှင့် ၄င်းဦးဆောင်သော ကိုယ်စားလှယ်အဖွဲ့သည် ပျုံချမ်ဆောင်းရာသီ အိုလံပစ်အားကစားပွဲတော်ဖွင့်ပွဲအခမ်းအနားသို့ တက်ရောက်မည် ဖြစ်ကြောင်း သတင်းရရှိပါသည်။

   Webradio