• ဆက်သွယ်ရန်•  မြန်မာဘာသာဌာနအကြောင်း
   

မလေးရှား-စင်ကာပူမြန်နှုန်းမြင့်ရထားလုပ်ငန်းအစီအစဉ်သည် မလေးရှားလူမျိုးများ၏ ထောက်ခံမှုရရှိ

(GMT+08:00) 2018-02-09 13:47:39

မလေးရှားမြန်နှုန်းမြင့်နှုန်းမြင့်ရထားကုမ္ပဏီမှ ယခုလ ၈ရက်နေ့က ထုတ်ပြန်ချက်အရ  ၃လကြာစစ်တမ်းကောက်ယူမှုတွင် လူ၉၅ရာခိုင်နှုန်းသည် မလေးရှား-စင်ကာပူ မြန်နှုန်းမြင့်ရထား အစီအစဉ်ကို ထောက်ခံကြောင်း ဆင်ဟွာသတင်အရ သိရပါသည်။

၂၀၁၆ခုနှစ် စက်တင်ဘာလက စင်ကာပူနှင့် မလေးရှားအစိုးရတို့သည် မလေးရှား-စင်ကာပူမြန်နှုန်းမြင့်ရထား လုပ်ငန်းစဉ်ဆိုင်ရာ စာချုပ်ချုပ်ဆိုခဲ့ကြောင်း၊ ၎င်းလုပ်ငန်းစဉ်အရ ၂၀၂၆ခုနှစ် နှစ်ကုန်တွင် ရထားလိုင်းဖွင့်လှစ်မည်ဟု ကတိပေးထားကြောင်း၊ မလေးရှား-စင်ကာပူမြန်နှုန်းမြင့်ရထား အမြင့်ဆုံးမြန်နှုန်းမှာ တစ်နာရီလျှင် ကီလိုမီတာ ၃၅၀ဖြစ်ကြောင်း၊ ရထားလမ်းတည်ဆောက်ပြီးသည့်နောက် ကွာလာလမ်ပူမှ စင်ကာပူအထိ မိနစ် ၉၀သာကြာမည်ဖြစ်ကြောင်း သိရပါသည်။

   Webradio