• ဆက်သွယ်ရန်•  မြန်မာဘာသာဌာနအကြောင်း
   

အမေရိကန် အစုရှယ်ယာ ဈေးကွက် အညွှန်းကိန်း ဒလဟော ကျဆင်းခြင်းသည် တစ်ကမ္ဘာလုံး အပေါ် ဂယက်ရိုက်ခတ်

(GMT+08:00) 2018-02-07 15:46:04

    အမေရိကန် နိုင်ငံ နယူးယောက် အစုရှယ်ယာ ဈေးကွက်မှ အညွှန်းကိန်း ၃ခုသည် ယခုလ ၅ရက်နေ့က ဒလဟော ကျဆင်းသွားကြောင်း၊ Dow Jones စက်မှု လုပ်ငန်း၏ ပျမ်းမျှ အညွှန်းကိန်းသည် ပွိုင့် ၁၁၀၀ ကျဆင်းပြီး သမိုင်းကြောင်း၌ တစ်နေ့တွင်ပင် ကျဆင်းမှု ပမာဏ အများဆုံး ဖြစ်ကြောင်း၊ အမေရိကန် အစုရှယ်ယာ အညွှန်းကိန်း ဒလဟော ကျဆင်းခြင်းကြောင့် ယခုလ ၆ရက်နေ့က အာရှနှင့် ပစိဖိတ် ဒေသမှ အဓိက အစုရှယ်ယာ ဈေးကွက်များ၏ အညွှန်းကိန်းများ အနည်းနှင့်အများ ဆိုသလို ကျဆင်းခဲ့ကြောင်း၊ ၆ရက်နေ့က ဥရောပမှ အဓိက အစုရှယ်ယာ ဈေးကွက်များ၏ အညွှန်းကိန်းများသည်လည်း ကျဆင်း ခဲ့ကြောင်း ဆင်ဟွာ သတင်းအရ သိရသည်။

   Webradio