• ဆက်သွယ်ရန်•  မြန်မာဘာသာဌာနအကြောင်း
   

နွေဦးပွဲတော်အတွင်း တရုတ်ပြည်တွင်း၌ ခရီးသည်ဦးရေ ၃၈၅ သန်း ရှိမည်

(GMT+08:00) 2018-02-07 09:25:11

တရုတ် နိုင်ငံတော် ခရီးသွားဦးစီးဌာနက၊ ယခုနှစ် နွေဦးပွဲတော် ရုံးပိတ်ရက်ရှည် ကာလ အတွင်း တရုတ်ပြည် တစ်ပြည်လုံး၌ ခရီးသွားဦးရေမှာ ၃၈၅ သန်း ရှိမည် ဖြစ်ပြီး လွန်ခဲ့သည့်နှစ် အလားတူ အချိန်ပိုင်းကထက် ၁၂ ရာခိုင်နှုန်း တိုးလာမည် ဖြစ်ကြောင်း၊ ကမ္ဘာ့နိုင်ငံအသီးသီးမှ ပြည်သူများ တရုတ်နွေဦးပွဲတော် ရသများကို မျှဝေခံစား စေနိုင်ရန်အတွက် တရုတ် ယဉ်ကျေးမှု ဝန်ကြီးဌာနသည် ကမ္ဘာ့ နိုင်ငံနှင့်ဒေသ ၁၃၀ ကျော်မှ မြို့ ၄၀၀ ကျော်တွင် "နွေဦးပွဲတော် နွှဲပျော်ခြင်း" အခမ်းအနားများကို ပြုလုပ်မည် ဖြစ်ကြောင်း ယခုလ ၆ ရက်နေ့က ပြောကြားသည်ဟု သတင်းရရှိပါသည်။

တရုတ် နိုင်ငံတော် ခရီးသွားလုပ်ငန်း ဦးစီးဌာန ဒုညွှန်ကြားရေးမှူးချုပ် ဝမ်ရှောင်ဖုန်းက၊ နွေးဦးပွဲတော် ရုံးပိတ်ရက်ရှည်အတွင်း တရုတ် ပြည်တွင်း ခရီးသွား ဝင်ငွေမှာ ယွမ် ၄၇၆ ဘီလီယံ ရှိမည် ဖြစ်ပြီး လွန်ခဲ့သည့်နှစ်ကထက် ၁၂ ရာခိုင်နှုန်း တိုးများ သွားမည်ဟု ခန့်မှန်းရကြောင်း ပြောကြားပါသည်။(ဘာသာပြန် မေကြော့ရှင်း)

   Webradio