|
||||||||
|
|||||||||||||
ယမန်နေ့ ၅ ရက်နေ့နံနက်ပိုင်းက စင်ကာပူ၌ တရားဝင်ခရီးလှည့်လည်နေသော တရုတ်နိုင်ငံတော်ကောင်စီဝင်၊ နိုင်ငံတော်ကာကွယ်ရေးဝန်ကြီး ချန်ဝမ့်ချွမ်သည် စင်ကာပူ နိုင်ငံတော်ကာကွယ်ရေးဝန်ကြီး ငမ်အိမ်ဟိန်နှင့် တွေ့ဆုံဆွေးနွေးခဲ့သည်ဟု ဆင်ဟွာသတင်းအရသိရသည်။ နှစ်ဦးနှစ်ဖက်တို့သည် ဒေသတွင်းလုံခြုံရေးအခြေအနေ၊ နှစ်နိုင်ငံတပ်မတော်အကြား ဆက်ဆံရေး၊ တရုတ်နှင့်အာဆီယံ ကာကွယ်ရေးဆိုင်ရာပူးပေါင်းဆောင်ရွက်မှု စသည့်အတူဂရုစိုက်ကြသော ကိစ္စရပ်များ နှင့်ပတ်သက်၍ အမြင်ချင်းဖလှယ်ခဲ့သည်။
|